တရားရုံးဆုံးဖြတ်ချက်

October 14, 2018

တရားရုံးဆုံးဖြတ်ချက် လေးစားရန် အမေရိကန်ကို တူရကီ တိုက်တွန်း

အမေရိကန်အစိုးရအနေနဲ့ တူရကီတရားရုံးဆုံးဖြတ်ချက်ကို လေးစားဖို့  လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မေးလုကာဗူဆိုဂလူက အောက်တိုဘာလ ၁၃ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှု အားပေးထောက်ပံ့မှုနဲ့   အမေရိကန် သင်းအုပ်ဆရာ အန်ဒရူး ဘရွန်ဆန်ကို အပြစ်ရှိကြောင်း တူရကီ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက တူရကီအပေါ်  ဖိအားပေးတဲ့ နည်းလမ်းနဲ့ အကျိုးမရနိုင်ဘူး ဆိုတာကို အမေရိကန်အနေနဲ့ သဘာပေါက်မယ်လို့ ယုံကြည် မျော်လင့်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အမေရိကန်က ဆီးရီးယားမြောက်ပိုင်းမှာရှိတဲ့ ကာဒ့်သူပုန်တွေကို ထောက်ပံ့ပေးတာရယ်၊ တူရကီက ရုရှားဆီကနေ စစ်ဘက်ကာကွယ်ရေးစနစ်တွေ ဝယ်ယူဖို့ စီစဉ်တာရယ်နဲ့ တူရကီနိုင်ငံရဲ့ ဘဏ်ဝန်ထမ်းတဦးကို အမေရိကန်က ထောင်ချတာရယ်ကြောင့် နေတိုးမဟာမိတ် နှစ်နိုင်ငံကြား ဆက်ဆံရေး ဆိုးရွားနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up