တရားရုံးတွင်လျှောက်ထား

January 22, 2017

ကမ္ဘာ့အကြီးဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်က အပြစ်မရှိကြောင်း တရားရုံးတွင်လျှောက်ထား

မက္ကဆီကိုနိုင်ငံကနေ အမေရိကန်နိုင်ငံကို လွှဲပြောင်းခံရတဲ့ ကမ္ဘာ့အကြီးဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင် အယ်ချပိုက သူ့မှာ အပြစ်မရှိဘူးလို့ အမေရိကန်တရားရုံးကို ဦးတိုက် လျှောက်ထားပါတယ်။ အယ်ဂျပိုဟာ မက္ကဆီကိုမူးယစ်ဂိုဏ်းကြီး စီနာလိုအာ Sinaloa ဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်ပြီး ဇန်န၀ါရီ ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းခံခဲ့ရတာပါ။ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံလောက်ရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းဖို့ အမေရိကန်အစိုးရရှေ့နေတွေက တောင်းဆိုနေကြပါတယ်။ အယ်ချပိုဟာ ၂၀၁၅ ခုနှစ်က လုံခြုံရေးအဆင့်မြင့် မက္ကဆီကိုအကျဉ်းထောင်ကနေ ဒုတိယအကြိမ် ထွက်ပြေးလွတ်မြောက်သွားပြီး ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ပြန်လည်ဖမ်းဆီးခံရတာပါ။ အဲဒီအချိန်ကစပြီး သူ အမေရိကန်နိုင်ငံကို မလွှဲပြောင်းမခံရဖို့ ဥပဒေကြောင်းအရ ကြိုးစားခဲ့ပါတယ်။ သူပထမဆုံးအကြိမ် ထောင်က ထွက်ပြေးလွတ်မြောက်ခဲ့တုန်းကလည်း အနှစ် ၂၀ လောက် တိမ်းရှောင်လွတ်မြောက်နေခဲ့တာပါ။ အခုတော့ နယူးယောက်မြို့တရားရုံးတရုံးမှာ ရာဇ၀တ်မှု ၁၇ မှုနဲ့ အမှုရင်ဆိုင်နေရပါတယ်။
5 years Ago
Up