တရားရုံးတွင်

April 28, 2017

တရားရုံးတွင် ယာဉ်မှုစစ်ဆေးခံစဉ် ဘိန်းဖြူထုပ် ပြုတ်ကျခဲ့သည့် အမျိုးသား (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် တရားရုံးတခုမှာ လူတယောက်ဟာ အမှုစစ်ဆေးနေစဉ် ဘိန်းဖြူထုပ် ပြုတ်ကျခဲ့ပါတယ်။ ဒီအဖြစ်ပျက်ဟာ ဧပြီ ၂၀ ရက်နေ့က ဖြစ်ခဲ့တာပါ။ အဲဒီလူဟာ တရားရုံးကို ယာဉ်စည်းကမ်းဖောက်ဖျက်မှုဖြေရှင်းဖို့ ရောက်နေတဲ့အချိန် ဘိန်းဖြူထုပ်ပြုတ်ကျသွားတာကို လုံခြုံရေးကင်မရာကနေ တွေ့လိုက်ကြပါတယ်။ တရားသူကြီးတွေရဲ့ရှေ့မှာဖြစ်ခဲ့တဲ့ အမှားကြောင့် အဲဒီလူဟာ ပြဿနာ သေးသေးလေးကနေ အခုတော့ ထောင်ကျတော့မယ့် အခြေအနေကို ရောက်သွားကြောင်း ဧပြီ ၂၈ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up