ဆေးခြောက်ကို တရားဝင် စိုက်ပျိုးထုတ်လုပ်ခွင့်ရပြီး ချီလီနိုင်ငံရဲ့ ပထမဆုံးနဲ့ လက်တင်အမေရိကမှာ အကြီးဆုံး ဆေးခြောက်စိုက်ခင်းကို ပြသခဲ့ပါတယ်။
ဆေးခြောက်ပင်အားလုံး ၇၀၀၀ လောက်ရှိပြီး ဆန်ဒီယာဂိုမြို့တော် တောင်ဘက် မိုင် ၁၇၀ အကွာက မြို့ငယ်တခုမှာ စိုက်ပျိုးထားတာပါ။
နိုင်ငံတ၀န်း နာမကျန်းဖြစ်နေသူ ရောဂါသည် ၄၀၀၀ လောက်ကို ဒီဆေးခြောက်ပင်က ထုတ်လုပ်တဲ့ ဆေးတွေနဲ့ ဆေးကုသမှု ပေးနိုင်မယ်လို့ ဒီစိုက်ပျိုးခင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ချီလီနိုင်ငံမှာ ဆေးခြောက်ပင်တွေ တရားဝင် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ကြိုးစားခဲ့သူတဦးဖြစ်တဲ့ နီကာနော်က အခုလို ဆေးခြောက်ပင်တွေကို တရားဝင် စိုက်ပျိုးထုတ်လုပ်ခွင့်ရတာ ၀မ်းသာတယ်လို့ ပြောဆိုပြီး လာမယ့် မတ်လကနေ မေလအတွင်း ဆေးခြောက် ၁ တန်ခွဲလောက် ထွက်ရှိမယ်လို့ ဆိုပါတယ်။
ဆေးခြောက်အခြေပြု ဆေးဝါးကုထုံးတွေအတွက် ချီလီနိုင်ငံတ၀န်းက ဆေးပညာ ဓာတ်ခွဲခန်းတွေ၊ တက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။
ဒီဆေးခြောက်တွေက ထုတ်လုပ်တဲ့ဆေးတွေနဲ့ နာတာရှည်ရောဂါသည်တွေ၊ ကင်ဆာရောဂါသည်တွေကနေ ၀က်ရူးပြန်ရောဂါသည်အဆုံး ဆေးကုသနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။
7 years Ago