တရားရေးဌာနစိုးရိမ်

December 16, 2017

အက်ဖ်ဘီအိုင် ဘက်လိုက်မှုရှိနေသည်ဟုဝေဖန်ချက်အပေါ်အမေရိကန်တရားရေးဌာနစိုးရိမ်

အမေရိကန်အစိုးရရဲ့ အက်ဖ်ဘီအိုင် ထောက်လှမ်းရေးဟာ ဘက်လိုက်မှုတွေရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် တရားရေးဌာနအနေနဲ့ အလွန်အမင်းစိုးရိမ်တယ်လို့ အမေရိကန်ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ကပြောကြားသွားပါတယ်။ အမေရိကန်ရှေ့နေချှုပ် ဂျက်ဖ်ဆက်ရှင်က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အမေရိကန် ထောက်လှမ်းရေး အက်ဖ်ဘီအိုင် ရဲ့ ဘက်လိုက်မှုရှိတယ်ဆိုတဲ့ သတင်းကို အဲဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အက်ဖ်ဘီအိုင် ဟာ စွမ်းဆောင်ရည်ပျက်နေပြီဆိုတဲ့ ပြောကြားချက်ကိုတော့ ဂျက်ဖ်ဆက်ရှင်က ငြင်းဆိုသွာခဲ့တာပါ။ “ကျနော်တို့ တရားရေးဌာနရဲ့ တာဝန်ကရှင်းရှင်းလေးပါ။ အဆင့်အမြင့်ဆုံး၊ ဖြစ်နိုင်သမျှ ပရောဖက်ရှင်နယ် အဆင့်ရှိတဲ့ ဥပေဒစိုးမိုးရေးလုပ်ငန်းတွေကို တတ်နိုင်သမျှ အမေရိကန်ပြည်သူတွေကို ပေးနိုင်ဖို့ပါ။ ဒါကြောင့် ကျနောို့ ထိရောက်တဲ့နည်းလမ်းတွေနဲ့ လုပ်နေသလို၊ ဂုဏ်ယူစရာကောင်းတဲ့၊ ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်နေပါတယ်။ ဒါကြောင့် လူအများပြောနေကြတဲ့ အက်ဖ်ဘီအိုင် ဟာ ဘက်လိုက်တယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့ အလွန်စိုးရိမ်ပါတယ်။ ကျနော်ယုံကြည်ပါတယ်။ အက်ဖ်ဘီအိုင် ဟာ တနိုင်ငံလုံးမှာ ကြီးကျယ်တဲ့ အလုပ်တွေ လုပ်နေပါတယ်။ သူတို့ဟာ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့် ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ လက်တွဲ အလုပ်လုပ်နေပါတယ်။ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ခေတ်မီဆန်းပြားတဲ့ အနေအထားဟာ အရင်ရှိခဲ့ဖူးတဲ့ အနေအထားထက် မြင့်မားနေတယ်လို့ ကျနော်ထင်ပါတယ်”လို့ အမေရိကန်ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က ပြောကြားသွားပါတယ်။
3 years Ago
Up