တရားဥပဒေစိုးမိုးရေးနှင့် လာဘ်ပေးလာဘ်ယူပပြောက်ရေး အဓိကလုပ်ဆောင်မည်

September 1, 2016

တရားဥပဒေစိုးမိုးရေးနှင့်မှုခင်းကျဆင်းရေး မှုခင်းပညာပေးပြခန်းယာဉ်များ လှည့်လည်ပြသ (ဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းဖြစ်ပွားမှုနှုန်းတွေ လျော့ကျဖို့ အတွက် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းပညာပေးပြခန်းယာဉ်ကို ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့ကစတင်ပြီး တနေ့တမြို့နယ်စီ လှည့်လည်ပြသသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်း မှုခင်းကျဆင်းဖို့အတွက် ပြည်သူအခြေပြု ၄ မြို့နယ်စီမံချက်၊ ၈ မြို့နယ် စီမံချက်အပြီး ယခုလို မှုခင်းပညာပေးပြခန်းယာဉ်ကို အသုံးပြုပြီး အသိပညာပေးနေတာ ဖြစ်ပါတယ်။   ပြည်သူတွေအနေနဲ့ မှုခင်းဆိုင်ရာအချက်အလက်တွေကို သိရှိနားလည်ပြီး မှုခင်းဖြစ်ပွားမှုတွေ လျော့ကျလာအောင်ရည်ရွယ်ပြီး အခုလိုလုပ်ဆောင်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
5 years Ago

March 28, 2016

တရားဥပဒေစိုးမိုးရေးနှင့် လာဘ်ပေးလာဘ်ယူပပြောက်ရေး အဓိကလုပ်ဆောင်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်သစ် ပြော (ရုပ်သံ)

တရားဥပဒေစိုးမိုးရေး လာဘ်ပေးလာဘ်ယူပပြောက်ရေး အဓိကထားလုပ်ဆောင်မှာဖြစ်ပြီး ပြည်သူမကြိုက်တဲ့ စီမံကိန်းတွေနဲ့ ပြည်သူမကြိုက်တာ ဘာတခုမှလုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရတဲ့ ဦးမန်းဂျော်နီက မီဒီယာတွေကို ပြောပါတယ်။ မတ်လ ၂၈ ရက်နေ့မှာကျင်းပတဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမမြောက်အစီအစည်းအဝေးမှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးထင်ကျော်က ကျုံပျော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ရိုက်ကူး - သော်ဇင်မျိုး
6 years Ago
Up