တရားဝင် ရုံးပိတ်

February 11, 2021

မကွေးတိုင်းအစိုးရအဖွဲ့က ဌာနဆိုင်ရာများကို တရားဝင် ရုံးပိတ်ရက်အဖြစ်ကြေညာ

အာဏာအသိမ်းခံခဲ့ရတဲ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစလို့ ဌာနဆိုင်ရာတွေကို တာရားဝင်ရုံးပိတ်ရက်အဖြစ် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က ဥပဒေမဲ့ အာဏာသိမ်းယူပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုရာဆွဲ အဓိပ္ပါယ်ဖွင့်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို သိမ်းယူခဲ့တဲ့အတွက် နိုင်ငံဝန်ထမ်းအလွှာအသီးသီးနဲ့ ပြည်သူလူထုတွေမှာ အခက်အခဲ ကြုံနေရပြီး အာဏာသိမ်း တပ်မတော်အစိုးရလက်အောက်မှာ ဆောင်ရွက်လိုခြင်း မရှိတဲ့အတွက် နည်းမျိုးစုံနဲ့ ဆန့်ကျင် အာဏာဖီဆန်နေကြပါတယ်။

တပ်မတော်က အာဏာသိမ်းယူတာဟာ ဥပဒေမဲ့ပြုကျင့်ခြင်းဖြစ်တဲ့အတွက် တရားမဝင်တဲ့အတွက် တိုင်းဒေသကြီးအစိုးရဲ့အဖွဲ့ ဥပဒေပုဒ်မ ၂၉ မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုကျင့်သုံးပြီး အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အောက်ရှိ ဦးစီးဌာနအားလုံးမှ အရာရှိ/အရာထမ်း အားလုံးကုမ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ အစိုးရဖွဲ့စည်း အချိန်အထိ ပိတ်ရက်အဖြစ် သတ်မှတ်ပေးကြောင်း၊ တပ်မတော်က ဥပဒေမဲ့ အာဏာသိမ်းတဲ့အပေါ် ရဲဝံ့စွာ အာဏာဖီဆန်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း/ပြည်သူ့ဝန်ထမ်းတွေကို လေးစားစွာမှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဝန်ကြီးချုပ်ကိုယ်စား ဦးမြင့်ဇော် သယံဇာတ၊သဘာဝပါတ်ဝန်ကျင်နှင့် လျှပ်စစ်၊စွမ်းအင်ဝန်ကြီးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။

မင်းထီး

10 months Ago
Up