တရားဝင်ဂိတ်နန်းတော်ပေါက်

August 15, 2021

တရုတ်-မြန်မာနှစ်နိုင်ငံ တရားဝင်ဂိတ် နန်း​တော်​ပေါက် ၁ ရက် ပြန်ဖွင့်​ပေးမည်

တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင်ဂိတ် နန်း​တော်​ပေါက်ကို ဩဂုတ် ၁၆ ရက်​နေ့ တစ်ရက် ပြန်လည်ဖွင့်​ပေးမယ်လို့  ​​ရွှေလီရှိ ​ရွှေမြန်မာအွန်လိုင်းအ​ရေး​ပေါ် ကျန်းမာ​ရေးကူညီမှု အသင်းဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။ 

“မနက်ဖြန်ကို​တော့ တသုတ်ထပ်ပို့ဦးမယ် ပြန်မယ့်လူ​တွေကို တရားဝင်ဂိတ်ပေါက်က​နေ မြန်မာနိုင်ငံကို။ မနက်ဖြန် တစ်သုတ် ပို့ ပြီးရင် ပြန်ပိတ်မှာ။ ဘာဖြစ်လို့လဲ ဆို​တော့ ​ရွှေလီ က ကိုဗစ် အဝါ​ရောင် သတ်မှတ်ထားတာ” လို့ ကိုချမ်းမြေ့က  ရှင်းပြပါတယ်။ 

လက်ရှိ တရုတ်ဘက်ခြမ်း တရုတ်နိုင်ငံသား​တွေ​ရော ကျန်ရှိတဲ့ မြန်မာနိုင်ငံသား​တွေ​ပါ တစ်ရက်ခြား တစ်ခါ ပိုးရှိ၊ မရှိ Swab ယူပြီး ပိုးစစ် ပေး​နေကာ ပြန်ပို့​ပေးတဲ့ မြန်မာနိုင်ငံသား​တွေက ​​လော​လောလတ်လတ် ပိုးစစ်ပြီး ပိုးမရှိသူ​တွေမှသာ ပြန်ပို့​ပေးတယ်လို့ ဆိုပါတယ်။ 

ကိုဗစ်​ရောဂါ အ​ခြေအ​နေကြောင့် ကျန်ရှိ​နေတဲ့ တရုတ်-မြန်မာ နယ်စပ် ဂိတ်​ပေါက်​တွေကို ဇူလိုင်လဆန်းပိုင်က ရက်အကန့်အသတ်မရှိ  ပိတ်ထားခဲ့​ပေမယ့် မြန်မာနိုင်ငံ ပြန်လာမယ့်သူတွေကို ဇူလိုင် ၂၆ ရက်​ မနက် ၈ နာရီကစ နန်း​တော် နှစ်နိုင်ငံ တရားဝင် အဝင်/ အထွက် ဂိတ်မှ ပြန်ထွက်ခွင့်ပြုခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်​နေ့မှ ဩဂုတ် ၁၀ ရက်​နေ့အထိ ၁၆ ရက်အတွင်း နန်း​တော်ဂိတ်​ပေါက်မှ ပြန်လည်ဝင်​ရောက်လာသူ မြန်မာ ပြည်​တော်ပြန် ၄၆၅၄ ဦး ရှိပြီး နယ်စပ် ခိုး​ပေါက်တွေကနေ ပြန်လာသူ​တွေလည်း ​ရှိ​နေပါတယ်။ 

Photo Crd# fb

4 months Ago
Up