တရားရေးဝန်းကြီးဟောင်း၏ဇနီး

October 24, 2019

တောင်ကိုရီးယား တရားရေးဝန်ကြီးဟောင်း၏ဇနီးကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီး

တောင်ကိုရီးယား တရားရေးဝန်ကြီးဟောင်းရဲ့ ဇနီးဖြစ်သူကို အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး  အောက်တိုဘာ ၂၃ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။     တရားရေးဝန်ကြီးဟောင်း ချိုကွတ်မိသားစု ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သားသမီးတွေ ကောလိပ်တက်ခွင့်တွေအပေါ် စုံစမ်းရေး တစိတ်တပိုင်းအဖြစ် ဇနီးဖြစ်သူ  ချောင်ခယောင်ရှင်းမ်ကို တောင်ကိုရီးယား အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာပါ။ ကောလိပ်ပါမောက္ခတဦးဖြစ်သူ ချောင်ခယောင်ရှင်းမ်က ရုံးတော်မှာ အမှန်အတိုင်း  ရှင်းပြသွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။  ချောင်ရဲ့ရှေ့နေကလည်း ရုံးတော်မှာ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့တဲ့အပြင် ဒီအမှုမှာ ချောင်ဟာ အပြစ်ကင်းပြီး ပြစ်မှုအဖြစ် မသတ်မှတ်သင့်ဘူးလို့ ဆိုပါတယ်။ ချိုကွတ်ဟာ  တရားရေးဝန်ကြီးအဖြစ် တလတာ ထမ်းဆောင်ပြိးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ သမ္မတ မွန်းဂျေးအင်းရဲ့ အနီးကပ်လူယုံတဦးဖြစ်တဲ့ ချိုကွတ်ကို  တရားရေးဝန်ကး ခန့်အပ်တဲ့အပေါ်မှာ ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အဲဒီဆန္ဒပြပွဲဟာ ၂ နှစ်အတွင်း လူအင်အား အများဆုံးဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago
Up