တရားရေးနှင့်ဘာသာရေးအဖွဲ့

October 19, 2020

ဆော်ဒီဘုရင် အကြံပေးကောင်စီအပါအဝင် တရားရေးနှင့်ဘာသာရေးအဖွဲ့တို့ကို ပြန်လည်ပြင်ဆင်

ဆော်ဒီအာရေဗျဘုရင် ဆယ်လ်မန်ဟာ သူ့ရဲ့အကြံပေး ရှုရကောင်စီ၊ တရားရုံးချုပ်နဲ့ အဆင့်မြင့်ဆုံး ဘာသာရေးအဖွဲ့အစည်းတို့ကို ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ဖို့ အောက်တိုဘာ ၁၈ ရက်က အမိန့်ပေးလိုက်ပါတယ်။  အစိုးရမီဒီယာက ထုတ်ပြန်တဲ့အမိန့်ထဲမှာ ရှုရကောင်စီအတွက် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ ၂ ယောက်ကို အသစ်ခန့်အပ်ခဲ့ပြီး ဒုဥက္ကဋ္ဌ ၁ ဦးက အမျိုးသမီး ဖြစ်ပါတယ်။  ရှုရကောင်စီဟာ သြဇာကြီးတဲ့ အကြံပေးအဖွဲ့ဖြစ်ပြီး ဒီသီတင်းပတ်ထဲမှာ သက်တမ်း သစ်ကို စတင်မှာပါ။  ဘုရင်ဆယ်လ်မန်ဟာ အကြီးတန်းပညာရှင်များ ကောင်စီကိုလည်း ပြုပြင်ပြောင်းလဲပြီး မွတ်စလင် ဘာသာရေးခေါင်းဆောင်နဲ့ ထုံးတမ်းဥပဒေ ကျွမ်းကျင်သူ ရှိတ်အဗ်ဒူလာဇစ် အယ်ရှိတ်ခ်ကို ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ အမိန့်ထုတ်ပါတယ်။ တရားရုံးချုပ် အကြီးအကဲသစ်အဖြစ် ခါလဒ် ဘင် အဗ်ဒူလာ အယ်လ် လူဟိုင်ဒန်ကို ခန့်အပ်ပါတယ်။ ဒါ့အပြင် ဘုရင် ဆယ်လ်မန်ဟာ တော်ဝင်တရားရုံးအကြီးတန်း အကြံပေးအဖြစ် ဂေဟတ်ဘ် မိုဟမ်မဒ် အယ်လ် ဂေဟတ်ဘ်ကို နာမည်စာရင်းသွင်းခဲ့ပါတယ်။ 
2 years Ago
Up