တရားရုံးချုပ် တရားသူကြီး

October 27, 2020

အမေရိကန်တရားရုံးချုပ် တရားသူကြီး၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အိမ်ဖြူတော်တွင် ကျင်းပ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုတင်သွင်းတဲ့ အေမီကွန်နေဘဲရတ်ဟာ အောက်တိုဘာ ၂၆ ရက်က တရားရုံးချုပ် တရားသူကြီးအဖြစ် ကျမ်းသစ္စာဆိုပါတယ်။  ဒါက ရွေးကောက်ပွဲမတိုင်မီ ၈ ရက်အလိုမှာ သမ္မတထရမ့်အဖို့ ထင်ရှားတဲ့ အောင်ပွဲတစ်ခု ဖြစ်ပြီး အိမ်ဖြူတော်မှာ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အိမ်ဖြူတော် မြက်ခင်းပြင်မှာ တရားသူကြီး ကလဲရင့်စ်သောမတ်စ်က ဘဲရတ်ကို တရားရုံးချုပ် တရားသူကြီးအဖြစ်  ကျမ်းသစ္စာဆိုပေးခဲ့တာပါ။  ဒီအခမ်းအနားမတိုင်မီ ၁ နာရီကျော်ကျော်က ရီပတ်ဘလီကန် ထိန်းချုပ်တဲ့ အထက်လွှတ်တော်က  ၅၂ မဲ၊ ၄၈ မဲနဲ့ ဘဲရတ်ကို တသက်တာ တရားရုံးချုပ် တရားသူကြီး ခန့်အပ်ဖို့ အတည်ပြုခဲ့ပါတယ်။ ဒီမဲခွဲဆုံးဖြတ်ပွဲမှာ ဒီမိုကရက်တွေက တညီတညွတ်တည်း ကန့်ကွက်မဲ ပေးခဲ့ပါတယ်။  သမ္မတထရမ့် အဆိုပြုတဲ့ ဘဲရတ်ကို တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြုလိုက်တဲ့အတွက် တရားရုံးချုပ်မှာ ရီပတ်ဘလီကန်တွေက ၆ ဦး - ၃ ဦးနဲ့ အများစု ဖြစ်သွားပါတယ်။ အခုလို အမေရိကန်သမ္မတ ရွေးကောက်ပွဲနားနီးမှ ကပ်ပြီး တရားရုံးချုပ်တရားသူကြီးကို ခန့်အပ်တာမျိုး အရင်က မရှိခဲ့ဖူးလို့လည်း ရိုက်တာက သုံးသပ်တင်ပြထားပါတယ်။
6 months Ago
Up