တရားရုံးချုပ်တရားသူကြီ

September 27, 2020

အေမီကော်နေးဘားရတ်ကို တရားရုံးချုပ်တရားသူကြီးအဖြစ် ထရမ့် တင်သွင်း 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကွန်ဆာဗေးတစ် တရားသူကြီး အေမီကော်နေးဘားရတ်ကို အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် စက်တင်ဘာ ၂၆ ရက်မှာ နာမည်စာရင်း တင်သွင်းလိုက်ပါတယ်။  သီတင်းပတ် ငါးပတ်ခွဲအလို ရွေးကောက်ပွဲ မတိုင်ခင်မှာ သူ့ကို ရီပတ်ဗလစ်ကန် ပါတီဝင်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်အတွင်း မဲပေးအတည်ပြုဖို့ သေချာသလောက် ဖြစ်နေပါတယ်။  တကယ်လို့ စက်တင်ဘာ ၁၈ရက်က ကွယ်လွန်တဲ့ လစ်ဘရယ်ဝါဒီ ရုသ်ဘာဒါ ဂျင်းစ် ဘာ့ဂ်ရဲ့နေရာကို အစားထိုးဖို့ အတည်ပြုခဲ့ရင် ဘားရတ်ဟာ အမေရိကန် ထိပ်တန်း တရားရေး ရာထူးမှာ တာဝန်ထမ်းဆောင်မယ့် ငါးယောက်မြောက် အမျိုးသမီး ဖြစ်လာမှာပါ။  ဒီမိုကရက်သမ္မတလောင်း ကိုယ်စားလှယ် ဂျိုးဘစ်ဒန်ကတော့ ရွေးကောက်ပွဲနိုင်တဲ့သူက ဂျင်းစ်ဘာ့ဂ်ရဲ့ နေရာကို အစားထိုးခွင့်ရသင့်တယ်လို့ ပြောခဲ့ပါတယ်။
8 months Ago
Up