တရားမ၀င် အီရတ်နိုင်ငံသား ဖမ်းမိ

June 23, 2015

တရားမ၀င် သြစတြေးလျ နိုင်ငံသားတဦးကို ကျောက်ကြီးမြို့အ၀င်၌ ဖမ်းဆီးအရေးယူ

မြန်မာနိုင်ငံတွင်းကို  ပြည်ဝင်ခွင့်ဗီဇာမရှိဘဲ တရားမ၀င် ၀င်ရောက်နေထိုင်နေတဲ့ သြစတြးလျနိုင်ငံသား အမျိုးသားတဦးကို ရဲက ဖမ်းဆီးအရေးယူထားတယ်လို့ ဇွန် ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ  သတင်းထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း တောင်ငူခရိုင် ကျောက်ကြီးမြို့အဝင် တံတားအနီး ဇွန် ၁၈ ရက်က မသင်္ကာဖွယ်ရာ နိုင်ငံခြားသားတဦး ရောက်ရှိနေတာကို သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။ စစ်ဆေးမေးမြန်းချက်တွေအရ ဖမ်းဆီးမိသူဟာ ဒေးဗစ်ဂျော့ခ်ျဆိုသူ သြစတြေးလျ နိုင်ငံသားဖြစ်ပြီး မေ ၁၂ ရက်က ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို ဘုရားသုံးဆူနယ်စပ်က တဆင့် ပတ်စပို့ဗီဇာမပါဘဲ ဝင်ရောက်လာခဲ့ကြောင်း၊ ဒီ့နောက် ရန်ကုန်ကို ခရီးသည်ကားနဲ့ လိုက်ပါလာပြီး ရန်ကုန်၊ ပဲခူးမြို့တွေမှာ နေထိုင်သွားလာပြီးနောက် ကျောက်ကြီးမြို့ကို ခရီးသည်တင်ကားနဲ့ ဆက်လက်ထွက်ခွာလာစဉ် ကျောက်ကြီးမြို့အဝင်မှာ တွေ့ရှိဖမ်းဆီးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ သြစတြေးလျနိုင်ငံသားကို ကျောက်ကြီးမြို့မရဲစခန်းက မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နိုင်ငံအတွင်း တရားမဝင် ၀င်ရောက်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်ရောက်ခဲ့တဲ့ အီရတ်နိုင်ငံသား အမျိုးသားတဦးကို ဖမ်းဆီးခဲ့ပြီး တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှုနဲ့ ထောင်ဒဏ် ၂ ချမှတ်ခဲ့ပါတယ်။
6 years Ago

June 7, 2015

ဆဒမ်ဟူစိန်အစိုးရ၏ မျက်နှာဖုံးဟု သတ်မှတ်ခံခဲ့ရသူ ကွယ်လွန်

အရင်အီရတ်အာဏာရှင် ဆဒမ်ဟူစိန်အစိုးရရဲ့ မျက်နှာဖုံးလို့ အများရဲ့ သတ်မှတ်ခံရတဲ့ အရင် အီရတ်ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာရစ်အာဇစ် (Tariq Aziz) ဟာ ဇွန် ၅ ရက်နေ့က နိုင်ငံတောင်ပိုင်းက ဆေးရုံတရုံမှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး ရုပ်အလောင်းကို သူ့ဆွေမျိုးတွေထံ လွှဲပြောင်းပေးလို့ ဇွန် ၆ ရက်နေ့က နိုင်ငံတောင်ပိုင်း ဒီကာပြည်နယ်ကနေ ဘက္ကဒက်မြို့ကို သယ်ဆောင်လာပါတယ်။ သူအာဏာရှိစဉ် ဘာသာရေးပြစ်ဒဏ်စီရင်မှုတွေနဲ့ သူ့ကိုသေဒဏ်ချမှတ်ခဲ့ပေမယ့် တကယ်ပြစ်ဒဏ်စီရင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ၂၀၀၃ ခုနှစ် ဘက္ကဒက်မြို့ကျချိန်မှာ အမေရိကန်တပ်ဖွဲ့တွေဆီ လက်နက်ချအဖမ်းခံခဲ့ပါတယ်။ သူဟာ နှလုံးရောဂါနဲ့ ဆေးရုံမှာ သေဆုံးတယ်လို ဒေသခံဆေးရုံအာဏာပိုင်တွေက ဆိုပါတယ်။ သူထောင်ကျခံနေရချိန်မှာ ကျန်းမာရေးမကောင်းလို့ ပြန်လွှတ်ပေးဖို့ သူ့ မိသားစုဝင်တွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပါတယ်။ Al-Douri-dead-Saddam-Hussein-278758မသေဆုံးခင် ဇွန် ၄ ရက်နေ့က သူ့မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပေမယ့် စကားတုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိခဲ့ဘူးလို့ သမီးဖြစ်သူက ပြောဆိုပါတယ်။ သူ့ကို နိုင်ငံမြောက်ပိုင်းက မွန်ဆိုလ်မြို့အနီးမှာ မွေးဖွားခဲ့တာပါ။ ၁၉၅၀ နှစ်တွေကတည်း ဆဒမ်ဟူစိန်နဲ့ ရင်းနှီးခဲ့သူဖြစ်ပြီး အနီးကပ်အကြံပေးလည်း ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး ခရစ်ယာန်ဘာသာဝင်တဦးလည်း ဖြစ်ပါတယ်။
6 years Ago
More News
Up