တရားမ၀င် အိမ်ငှားနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို အရေးယူ

A d v e r t i s e m e n t With Us

September 20, 2016

တရားမ၀င် အိမ်ငှားနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို အရေးယူ

မန္တလေးမြို့ ပြည်ကြီးတံခွန်ရပ်ကွက် ဇော်ဂျီလမ်းနဲ့ ကုသိုလ်တော်လမ်းကြား ၆၈ × ၆၉ လမ်းကြား အိမ်နံပါတ် ၆၀(ခ) မှာ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို သတ်မှတ်ထားတဲ့အတိုင်း ဟိုတယ်မှာ မတည်းခိုသလို သက်ဆိုင်ရာ လဝကကို အကြောင်းမကြားဘဲ အိမ်ငှားနေထိုင်တဲ့အတွက် အရေးယူထားပါတယ်။ အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးထဲမှာ ၄ ဦးက ပတ်စ်ပို့ ဗီဇာရက်လွန်နေပြီး ကျန် ၄ ဦးကတော့ သက်တမ်းကျန်ရှိနေသေးတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးဇော်အောင်က ဒီဗွီဘီကို ပြောပါတယ်။ အရေးယူခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးဟာ တယ်လီနောကုမ္ပဏီရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ စက်တပ်ဆင်ရေးအတွက် ရောက်ရှိနေတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ လဝကကို အကြောင်းမကြားဘဲ သူတို့တတွေကို အိမ်ငှားပေးခဲ့တဲ့ တယ်လီနောကုမ္ပဏီက ဝန်ထမ်းဖြစ်သူ ကိုသော်တာစိုးကိုလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၅၁ နဲ့ အရေးယူ တရားစွဲဆိုထားပါတယ်။
4 years Ago
Up