တရားမ၀င်ပြောင်းရွှေ့အခြေချသူ ၁၀၀ ကျော်အရေး ထိုင်းစစ်ဆေး

June 23, 2015

တရားမ၀င် သြစတြေးလျ နိုင်ငံသားတဦးကို ကျောက်ကြီးမြို့အ၀င်၌ ဖမ်းဆီးအရေးယူ

မြန်မာနိုင်ငံတွင်းကို  ပြည်ဝင်ခွင့်ဗီဇာမရှိဘဲ တရားမ၀င် ၀င်ရောက်နေထိုင်နေတဲ့ သြစတြးလျနိုင်ငံသား အမျိုးသားတဦးကို ရဲက ဖမ်းဆီးအရေးယူထားတယ်လို့ ဇွန် ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ  သတင်းထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း တောင်ငူခရိုင် ကျောက်ကြီးမြို့အဝင် တံတားအနီး ဇွန် ၁၈ ရက်က မသင်္ကာဖွယ်ရာ နိုင်ငံခြားသားတဦး ရောက်ရှိနေတာကို သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။ စစ်ဆေးမေးမြန်းချက်တွေအရ ဖမ်းဆီးမိသူဟာ ဒေးဗစ်ဂျော့ခ်ျဆိုသူ သြစတြေးလျ နိုင်ငံသားဖြစ်ပြီး မေ ၁၂ ရက်က ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို ဘုရားသုံးဆူနယ်စပ်က တဆင့် ပတ်စပို့ဗီဇာမပါဘဲ ဝင်ရောက်လာခဲ့ကြောင်း၊ ဒီ့နောက် ရန်ကုန်ကို ခရီးသည်ကားနဲ့ လိုက်ပါလာပြီး ရန်ကုန်၊ ပဲခူးမြို့တွေမှာ နေထိုင်သွားလာပြီးနောက် ကျောက်ကြီးမြို့ကို ခရီးသည်တင်ကားနဲ့ ဆက်လက်ထွက်ခွာလာစဉ် ကျောက်ကြီးမြို့အဝင်မှာ တွေ့ရှိဖမ်းဆီးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ သြစတြေးလျနိုင်ငံသားကို ကျောက်ကြီးမြို့မရဲစခန်းက မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နိုင်ငံအတွင်း တရားမဝင် ၀င်ရောက်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်ရောက်ခဲ့တဲ့ အီရတ်နိုင်ငံသား အမျိုးသားတဦးကို ဖမ်းဆီးခဲ့ပြီး တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှုနဲ့ ထောင်ဒဏ် ၂ ချမှတ်ခဲ့ပါတယ်။
6 years Ago

June 3, 2015

ထိုင်းတွင် နေအိမ်အသိမ်းခံရသည့် နိုင်ငံခြားသားမိသားစု လမ်းပိတ်ဆို့ ဆန္ဒပြ

ထိုင်းနိုင်ငံမှာ နေအိမ်အသိမ်းခံရသလို ရှေ့နေတွေရဲ့ ညာစားမှုကိုပါခံရတယ်ဆိုတဲ့  အိုင်ယာလန်နိုင်ငံသား သားအဖ ၃ ဦးဟာ ဘန်ကောက်မြို့ ဖရလမ်း - ၁ ပေါ်မှာ ဇွန်လ ၂ ရက်နေ့က ပိတ်ဆို့ ဆန္ဒပြခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အိုင်ယာလန်နိုင်ငံသား မစ္စတာ ခိုးလင်း ဗာ့တ်နဲ့ သားရော သမီးပါ ထိုင်းအမျိုးသား ရဲချုပ်ရုံးရှေ့က လမ်းမကြီးပေါ်မှာ ဆိုင်းဘုတ်ကိုင် ထိုင်ပြီးဆန္ဒပြခဲ့တဲ့အတွက် နာရီဝက်ကြာ  ယာဉ်ကြော ပိတ်ဆို့ခဲ့ပါတယ်။ ယာဉ်ထိန်းရဲက သူတို့ကို သွားရောက်ညှိနှိုင်းရာမှာ ဒီမတိုင်ခင်က ဖူးကစ်မှာရှိတဲ့ သူတို့နေအိမ်ကို ဇနီးဖြစ်သူထိုင်းအမျိုးသမီးက ရောင်းချခဲ့ကြောင်း၊ ဒါပေမယ့် လုပ်ထုံးလုပ်နည်း လွဲမှားမှုရှိလို့ ထိုင်းဘဏ္ဍာရေးရာဌာနက သူတို့နေအိမ်ကို သိမ်းဆည်းခဲ့ပြီး ရှေ့နေတွေရဲ့ ညာစားမှုကို ခံရသလို ဖူးကစ်ရဲတပ်ဖွဲ့ဝင်တွေက အရေးတယူဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်ထံ လာရောက် တောင်းဆိုတာလို့ ဆိုပါတယ်။ အဲဒီနောက် သူတို့သားအဖကို ရဲချုပ်ကြီးက လက်ခံတွေ့ဆုံပြီး ထိုင်းနိုင်ငံရဲ့ တရားမ ဥပဒေကို သေချာနားလည်အောင် ရှင်းပြဖို့ ထိုင်းဘဏ္ဍာရေးဌာနဆိုင်ရာ တာဝန်ခံနဲ့ ကြားခံလူအဖြစ် ထိုင်းနိုင်ငံဆိုင်ရာ အိုင်ယာလန်သံရုံးကိုပါ ဆက်သွယ်ပေးခဲ့တယ်လို့  ထိုင်းရဲအရာရှိတဦးက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သူတို့ပြဿ  နာကို တကယ်ပဲ အရေးတယူဆောင်ရွက်ဖြေရှင်းပေးခြင်း ရှိမရှိ ဖူးကစ် အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင်တွေပါ ဆင့်ခေါ်ထားပြီး အိမ်ယာမဲ့ဘ၀ ရောက်နေတဲ့ သူတို့သားအဖအတွက် ယာယီနေယာထိုင်ခင်း စီစဉ်ပေးဖို့လည်း ရဲချုပ်ကြီးက စီစဉ်ပေးခဲ့တယ်လို့ တီအန်အန်ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။  
6 years Ago
Up