လစ်ဗျားကမ်းခြစောင့်တပ်ဖွဲ့ဟာ တရားမ၀င်ပြောင်းရွေှ့သူ ၂၅၀ ကျော်ကို ဒီဇင်ဘာ ၁၆ ရက်နေ့က ကယ်ဆယ်ခဲ့ပါတယ်။
အဲဒီပြောင်းရွေ့ သူတွေဟာ အာဖရိကမြောက်ပိုင်းကနေ လှေငယ်တွေနဲ့ အီတလီနိုင်ငံကို သွားရောက်ဖို့ ကြိုးပမ်းကြတာဖြစ်ပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့ ကပ္ပတိန်က “အာဖရိကနဲ့ အာရပ်နိုင်ငံတွေကနေ အမျိုးသမီး၊ ကလေးနဲ့ အမျိုးသားတွေပါဝင်တဲ့ ပြောင်းရွှေ့လာတဲ့အဖွဲ့ကို ရေတပ်သဘောင်္ာကနေ ကယ်ဆယ်ခဲ့ပါတယ်။ ကာရာဘူလီနဲ့ ဇီလန်မြို့ ကမ်းလွန်တွေကနေ ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ၂၅၀ နဲ့ ၂၇၀ ကြား ရှိပါတယ်” လို့ ဆိုပါတယ်။
ဆာဟာရ အောက်ပိုင်း နိုင်ငံတွေကနေ ဆင်းရဲမှုနဲ့ ပဋိပက္ခတွေကြောင့် ဥရောပကို ထွက်ပြေးကြတဲ့ တရားမ၀င်ပြောင်းရွှေ့သူတွေအဖို့ လစ်ဗျားအနောက်ပိုင်း ကမ်းခြေတွေဟာ အဓိက ထွက်ခွာရာ ဆိပ်ကမ်းတွေဖြစ်နေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago