တရားမ၀င်ဆေးဝါး

October 18, 2016

ဟင်္သာတတွင် တရားမ၀င်ဆေးဝါး ကျပ်​သိန်း ၂၀၀ ကျော်ဖိုး ဖမ်းဆီးရမိ

ဧရာဝတီတိုင်း​ဒေသကြီး​ ဟင်္သာတမြို့မှာ ကျပ်​သိန်း ၂၀၀ ​ကျော်​ တန်​ဖိုးရှိတဲ့ တရားမဝင်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ဧရာဝတီတိုင်း​ဒေသကြီး အစားအ​သောက်​နဲ့​ ဆေးဝါးကွပ်​ကဲ​ရေးဌာန FDA တိုင်းဦးစီးမှူး ​ဒေါက်​တာပြည့်ဖြိုးက ​ဒီ​ဗွီဘီကို ​ပြောပါတယ်​။ FDA၊ အစားအ​သောက်​နဲ့​ ဆေးဝါးကွပ်​ကဲ​ရေး​ကော်​မတီနဲ့ တိုင်း​ဒေသကြီးမှုခင်းတပ်​ဖွဲ့ CID တို့ ပူး​ပေါင်းပြီး ​ ​အောက်​တိုဘာ ၁၇ ရက်​​နေ့က ​ဟင်္သာတမြို့က ​ဆေးဆိုင်​အချို့ကို စီမံချက်​အရ ဝင်​ရောက်​ရှာ​ဖွေရာမှာ ကျပ်​သိန်း ၂၀၀ ​ကျော်​ တန်​ဖိုးရှိတဲ့ မှတ်​ပုံတင်​မဲ့​ဆေးဝါး၊ ​ဆေးဝါးအတု​၊ သက်​တမ်းလွန်​​ဆေးဝါးနဲ့ အထူးထိန်းချုပ်​​ဆေးဝါးအမျိုးအစား ရာနဲ့ချီဖမ်းဆီးရမိခဲ့တဲ့အပြင်​ ​လိုင်​စင်​မဲ့​ဆေးဝါးကြိတ်​စက်​လုံးကိုလည်း ဖမ်းဆီးရမိခဲ့တာပါ။ ပူး​ပေါင်းအဖွဲ့အ​နေအနဲ့ သတင်းအရ ဟင်္သာတမြို့က ​ဆေးဆိုင်​သုံးဆိုင်​နဲ့ လိုင်​ဆင်​မဲ့​ဆေးဝါး ထုတ်​လုပ်​​နေတဲ့ တစ်​​နေရာကို အဖွဲ့​လေးဖွဲ့ခွဲ့ကာ စစ်​​ဆေးခဲ့ပြီး အခုလိုဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးခဲ့တဲ့ ​ဆေးဝါး​တွေနဲ့ပတ်​သက်​ပြီး ​ဆေးဆိုင်​ပိုင်​ရှင်​​တွေကို ဟင်္သာမြို့မ အမှတ်​ ၁ ရဲစခန်းမှာ အမျိုးသားဆေးဝါးဥပ​ဒေပုဒ်​မ ၁၈၊ ပုဒ်​မ ၁၉ တို့နဲ့ အမှုဖွင့်​လှစ်​ပြီး အ​ရေးယူ​ ဆောင်​ရွက်​ဖို့ပြင်​ဆင်​​နေတယ်​လို့ တိုင်း​ဒေသကြီး အမှတ်​ ၇ မှုခင်းတပ်​ဖွဲ့ က ဒုရဲမှူး လှသိန်းစိုးက ဒီဗွီဘီကို​ပြောပါတယ်​။ ဧရာဝတီတိုင်း​ဒေသကြီး အစားအ​သောက်​နဲ့ ​ဆေးဝါးကွပ်​ကဲ​ရေးဌာန FDA​ အနေနဲ့ မှတ်​ပုံတင်​မဲ့​ဆေးဝါး၊ ​ဆေးဝါးအတု​၊ သက်​တမ်းလွန်​​ဆေးဝါးနဲ့ အထူးထိန်းချုပ်​​ဆေးဝါး ​တွေကို အခြား မြို့နယ်​​တွေမှာလည်း ဆက်​လက်​ဖမ်းဆီးအ​ရေးယူဖို့ရှိတယ်​လို့ဆိုပါတယ်​။
6 years Ago
Up