တရားမ၀င်သစ်တင်ကား မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီး

A d v e r t i s e m e n t With Us

June 10, 2019

တရားမ၀င်သစ်တင်ကား မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီး

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်အတွင်း တရားမဝင် သစ်တင်ကား ဖမ်းဆီးရာမှာ ရပ်တန့်ပေးခြင်းမရှိတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ ဇွန် ၉ ရက်နေ့ မနက်အစောပိုင်း ၆ နာရီအချိန် လှည့်ကင်းဆောင်ရွက်စဉ် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာ၊ ဇေကမ္ဘာR ၁၁ လမ်းပေါ်မှာ မောင်းနှင်လာတဲ့ 2D×××× ၆ ဘီးယာဉ်အား မသင်္ကာဖွယ်တွေ့ရှိတကြောင့် တားဆီးစစ်ဆေးရာ ရပ်တန့်မပေးတဲ့အပြင် ကားခေါင်းခန်းပါ လူတွေ ဓားရှည်တွေ ထောင်ပြကာ လေးခွနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် တဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါယာဉ်ဟာ မောင်းနှင်ထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ လှည့်ကင်းယာဉ်က လိုက်လံဖမ်းဆီးစဉ် ထောက်ကြန့်မြို့၊ လမ်းဆုံအရောက် ရဲတပ်ဖွဲ့က သတိပေးပစ်ခတ်တားဆီးရာ ယာဉ်နောက်ဘီးအား ထိမှန်ပြီး အမှတ် ၃ လမ်းမကြီး ပိတ်ဆို့ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ် အတားအဆီးတွေနဲ့ အမြန်လမ်းမကြီးတိုးဂိတ်မောင်းတံတို့ကို ၀င်တိုက်ပြီးနောက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၆/၁)အနီးမှာ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်ပေါ်ပါသူတွေကတော့ တိမ်းရှောင်သွားခဲ့ပြီး ယာဉ်ပေါ်မှာ ကျွန်းခွဲသားဆိုဒ်စုံ ၄.၉၄၃၄ တန်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခဲ့ပြီး အမှုဖွင့်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2 years Ago
Up