တရားမ၀င်သစ်

April 5, 2019

တရားမ၀င်သစ်များ တရုတ်ကို အများဆုံးရောက်၊ နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်နေ

တရားမ၀င်သစ်တွေ တရုတ်ကို သွားတာအများဆုံးဖြစ်ပြီး နှစ်နိုင်ငံ တရားမ၀င်သစ်တိုက်ဖျက်ရေး ဆောင်ရွက်နေတယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ ဧပြီ ၄ ရက်နေ့က နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ သတင်းထုတ်ပြန်တဲ့ အခမ်းအနားမှာ သစ်တောဦးစီးဌာနက ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးကျော်ကျော်လွင်က ပြောတာပါ။ "အားလုံးကို ပြောရရင် တရုတ်ကို တရားမ၀င်သစ်ထွက်ခွာတဲ့ဟာ အများဆုံးပဲ။ ဒါက ရှေ့က EIA အစီရင်ခံစာ။ မြန်မာနိုင်ငံသစ်တောဦးစီးဌာနနဲ့ တရုတ်နိုင်ငံသစ်တောဦးစီးဌာန တရားမ၀င်သစ်ပူးပေါင်းတိုက်ဖျက်ရေး နောက် တရားမ၀င်သစ်တွေကို ထုတ်လုပ် ဖြန့်ဖြူးရောင်းဝယ်ရေး နောက်ပြီးတော့ တောမီးကာကွယ်ရေးအတွက် အဓိကသုံးချက်နဲ့ MoU ထိုးပြီး တရားမ၀င်သစ်တိုက်ဖျက်ရေးကို ဆောင်ရွက်နေပါတယ်" လို့ ဦးကျော်ကျော်လွင်က ပြောပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ ဘဏ္ဍာနှစ်အလိုက် သစ်မျိုးစုံ စုစုပေါင်း ၁၄၃၅၃၈ ဒသမ ၇၀ တန်၊ တရားခံ ၂၀၈၃၄ ဦး၊ ယာဉ်/ယန္တရား ၉၄၆၀ စီး၊ ချိန်းဆော ၁၁၆၃ ခု ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖမ်းဆီးတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း တိုက်ခိုက်ခံရမှုကြောင့် ၁၉၉၈-၉၉ ဘဏ္ဍာနှစ်ကနေ ၂၀၁၈-၁၉ ခုနှစ် မတ်လထိ အရာထမ်း ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့သလို အမှုထမ်း ၇ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ တရားမ၀င်သစ်ထုတ်လုပ်တာတွေ သတင်းပေးတိုင်ကြားတဲ့သူတွေကိုလည်း ဆုချီးမြှင့်ခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်မှာ ကျပ်သိန်း ၇၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ် ၄၀၆ သိန်းကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကျပ် ၆၇၃ သိန်းကျော် ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။
3 years Ago

February 22, 2019

တရားမ၀င်သစ်တင်ကား ဖြတ်သန်းစဉ် ​တံတားကျိုးကျ၊ ​လူ ၆ ဦး​သေဆုံး

ဧရာဝတီတိုင်း​ဒေသကြီး အင်္ဂပူမြို့နယ်​ ကထူးကြီး-​ရွှေကျင်​-သ​ပြေကုန်းလမ်းမ​ပေါ်ရှိ တစ်​တစ်​တူးကွင်း တံတားမှာ တရားမ၀င်သစ်​​တွေ တင်​​ဆောင်​လာတဲ့ ကားတစီး ဖြတ်မောင်းလာစဉ် တံတားကျိုးကျပြီး လူ ၆ ဦး သေဆုံးသွားပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်​ မနက်အစောပိုင်း ၁ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ ထူးကြီးနယ်​​မြေရဲတပ်​ဖွဲ့စခန်းမှ ဒုရဲအုပ်​မျိုးစည်​သူက​ ပြောပါတယ်။ "တိမ်းမှောက်​​နေတဲ့ ကားနဲ့အ​လောင်း​တွေကို​ ဖော်​​နေတယ်။ ​​လော​လောဆယ်​​ဆေးရုံကို သုံး​ယောက်​တင်​ထားရတယ်​။ လက်​ရှိမှာ​တော့ အ​လောင်း ၆ လောင်း​ရပြီ၊ ထူးကြီးပြည်​သူ့​ဆေးရုံကို ပို့​ဆောင်​​ပါတယ်။ ​ကျန်​တဲ့ ရဲလုပ်​ငန်း​တွေ ဆက်​စပ်​လုပ်​ကိုင်​​နေပါတယ်။” အင်္ဂပူမြို့နယ် ​သစ်​​တောဦးစီး​ဌာန  တောအုပ် ​ဦးဟန်​မင်းထက်​က​ "ကျ​နော်​ ဒီသစ်​​တွေကို ခုတိုင်း​ထွာမယ်​၊ မဲ​ဇလီကုန်းဘိနယ်​ကို သယ်​မယ်။ ​လော​လောဆယ်​ သစ်​​တောဥပ​ဒေပုဒ်​မ ၄၁ (က) ကျွန်းနဲ့ တားမြစ်​ထားတဲ့ သစ်​​တောထွက်​ပစ္စည်းများအပြင် ​အခြားသစ်​​တောထွက်​ ပစ္စည်းများကို ခွင့်ပြုချက်​မရှိဘဲ ရွှေ့ပြောင်းခြင်း သယ်​​ဆောင်​ဥပ​ဒေနဲ့ အမှုဖွင့်ပြီး စစ်​​ဆေး​နေပါတယ်​” လို့ ပြောပါတယ်​။ ယာဉ်​​မောင်း ကို​တင်​​မောင်​​ဆွေကို ရဲတပ်​ဖွဲ့ကဖမ်းဆီးပြီး ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၄-(က)ေ​ပါ့ဆမှုကြောင့် လူ​သေမှုနဲ့ အမှုဖွင့်စစ်​​ဆေး​နေပါတယ်​။ တရားမ၀င် ဖမ်းဆီးမိတဲ့ သစ်တန်က ၄ တန်​​ကျော်​​လောက်​ရှိမယ်​လို့ သစ်တောဦးစီးဌာနက သိရပါတယ်​။ သတင်းနှင့်ဓာတ်ပုံ - သန်းထိုက်မြင့်
3 years Ago
More News
Up