တရားမျှတမှုရရေး

August 1, 2020

လူမည်းသရုပ်ဆောင် ပစ်သတ်ခံရမှု တရားမျှတမှုရေး ပေါ်တူဂီတွင် ဆန္ဒပြ

လူစည်ကားရာ လမ်းတစ်ခုမှာ  သေနတ်နဲ့ပစ်သတ်ခံရတဲ့ လူမည်းသရုပ်ဆောင်အတွက်  တရားမျှတမှုရရေး တောင်းဆိုဆန္ဒပြပွဲကို ဇူလိုင်လ ၃၁ ရက်က ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ ရင်ပြင်တခုမှာ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က မော်စကာဗီ ရိပ်သာလမ်းမှာ ဂီနီဘစ်ဆောဇာတိ ဘရူနိုကန်ဒီကို အသက် ၈၀ ကျော်အရွယ် လူဖြူ အမျိုးသားက  သေနတ်နဲ့ အချက်ပေါင်းများစွာ  ပစ်ခတ်ခဲ့ပါတယ်။ သံသယရှိသူကို ထိန်းသိမ်းထားပြီး သူဟာ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။  ပစ်ခတ်ရတဲ့ အကြောင်းရင်းကို  ပြစ်မှုစုံစမ်းရေး ဌာနက အတည်ပြုပြောကြားတာ မရှိပါဘူး။   ကန်ဒီရဲ့မိသားစုကတော့ သံသယရှိသူဟာ ပစ်ခတ်မှု မတိုင်မီ ၃ ရက်အလိုက ကန်ဒီကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး လူမျိုးရေးခွဲခြားတာတွေ ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။    ဂီနီဘစ်ဆောနိုင်ငံမှာလည်း လွှတ်တော်အမတ်တွေက ဒီလူသတ်မှုဟာ လူမျိုးရေးအရ လှုံ့ဆော်တာဖြစ်တယ်လို့ ပြောဆိုပြိး အဆိုတစ်ခုကို တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် အဖြစ်မှန်ကို စုံစမ်းဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမယ်လို့ ဂီနီဘစ်ဆော အမတ်တွေ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up