တရားမျှတမှုစင်တာ

February 13, 2021

ဖမ်းဆီးခံရသူများ ရှေ့နေလိုက်ပေးရန် တရားမျှတမှုစင်တာသို့ အကူအညီတောင်းနိုင်

အကြောင်းတစုံတရာကြောင့် ဖမ်းဆီးခံခဲ့ရရင် ရှေ့နေလိုက်ပေးဖို့ အကူအညီတောင်းနိုင်တယ်လို့ ရန်ကုန် တရားမျှတမှုစင်တာက ကြေညာပါတယ်။

ရန်ကုန်တရားမျှတမှုစင်တာဟာ ရာဇဝတ်မှုနဲ့ စွပ်စွဲခံရပြီး ရှေ့နေငှားဖို့ မတတ်နိုင်သူတွေအတွက် အခမဲ့ ရှေ့နေလိုက်ပေးနေတာဖြစ်ပါတယ်။

“အခု ကျမတို့က ရန်ကုန်အနောက်ပိုင်းခရိုင် ၁၃ မြို့နယ်အတွက်ကိုပဲ ကြေညာထားတာပါ။ ဒါပေမဲ့ ဒီအပြင်ဧရိယာကလူတွေ အကူအညီတောင်းလာရင်လည်း အထက်လူကြီးတွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သွားမှာပါ” လို့ စင်တာ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိအချိန်အထိ ဒီကာလမှာ အကူအညီတောင်းလာသူ မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။

စင်တာကို ဆက်သွယ်မယ်ဆိုရင်တော့ ဖုန်း ၀၉ ၂၆ ၂၀၉ ၂၂၆၅၊ ၀၉ ၄၅၄၁၆ ၃၃၆၀၊ ၀၉ ၄၅၀၀ ၄၀ ၇၀ ၄၊ ၀၉ ၂၅၀ ၁၈ ၅၁ ၀၅၊ ၀၉ ၂၅ ၄၂ ၇၁၀ ၈၁၊ ၀၉ ၇၉၃၁ ၆၄ ၇၇၁

2 years Ago
Up