တရားမဝင် ပျဉ်းကတိုးခွဲသားများ

A d v e r t i s e m e n t With Us

June 20, 2020

ဆိပ်ဖြူတွင် တရားမဝင် ပျဉ်းကတိုးခွဲသားများ ဖမ်းမိ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အိုင့်ကြီးကျေးရွာအနီး ဆိပ်ဖြူ-ဆော ကားလမ်းပိုင်း မိုင်တိုင်အမှတ် ၃၄ မိုင်မှာ ဒီနေ့မနက် ၄ နာရီလောက် တရားမဝင် ပျဉ်းကတိုးခွဲသားတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။  တရားမဝင်သစ်တွေကို မော်တော်ယာဉ်ကြီး/ယာဉ်ငယ်တွေနဲ့ သယ်ဆောင်နေကြောင်း သတင်းအရ ပခုက္ကူမြို့ခရိုင် မှု/နှိမ်ရဲတပ်ဖွဲ့၊ ကဇွန်းမနယ်မြေရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း ရဲကြည်နဲ့ ယာဉ်နောက်လိုက် နေဆန်း တို့နှစ်ဦး မောင်းနှင်လာတဲ့ CANTER ယာဉ်ကို စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာပါ။ ယာဉ်ပေါ်မှာ ဖွဲအိတ်တွေ ဖုံးအုပ်ထားတဲ့ တရားမဝင် ပျဉ်းကတိုးခွဲသား အရှည် ၉ ပေရှိ အချောင်း ၇၀၊ အရှည် ၆ ပေရှိ ၃ ချောင်း၊ အရှည် ၇ ပေရှိ  ၇ ချောင်းစုစုပေါင်း နှစ်တန်ကျော် တွေ့ရှိခဲ့တာပါ။၊ ယာဉ်နဲ့ သစ်ခွဲသားတွေကို ကဇွန်မဘိနယ် သစ်တောရုံးမှာ ဖမ်းမိ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ တရားမဝင် သစ်ခွဲသားတွေ တင်ဆောင်လာသူ ရဲကြည် နဲ့ နေဆန်း တို့နှစ်ဦးအား ဆိပ်ဖြူမြို့ ကံဇွန်မနယ်မြေရဲစခန်းက သစ်တောဥပဒေပုဒ်မ ၄၂(က) နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)
9 months Ago
Up