တရားမဝင် တရုတ်နိုင်ငံသား ၄၀ ကျော်

A d v e r t i s e m e n t With Us

October 23, 2020

အမြန်လမ်းမကြီး သီးကုန်းဂိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၇ ဦးဖမ်းမိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိတ္ထီလာမြို့နယ် သီးကုန်းဂိတ်မှာ အောက်တိုဘာ ၂၂ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၇ ဦးကို  ဖမ်းဆီးမိတယ်လို့ အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့က သိရပါတယ်။ အမြန်လမ်းမကြီး မီသတ်ဦးစီး ဦးရဲလင်းကျော်က "တရုတ်နိုင်ငံသား ၇ ဦးမှာ ဗီဇာပတ်စပို့ ဘာမှမပါပါဘူး၊ တရားမဝင် ဝင်ရောက်လာသူတွေပါ။ ကုန်တင်ကားမှာ ထပ်ခိုးလုပ် မိုးကာအုပ်ပြီး စီးလာကြတာပါ။ မိုးကာကြီးလှူပ်နေလို့ မသင်္ကာတာနဲ့ပဲ ပူးပေါင်းအဖွဲ့က မိုးကာလှပ်ကြည့်တာက ဖမ်းမိတာပါ" လို့ ပြောပါတယ်။ ၆ ဘီး Canter ယာဉ်မောင်း သက်ဆွေ၊ ယာဉ်နောက်လိုက် ဝင်းစိုးဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့    အလည်ရွာရဲစခန်းစခန်းမှူး ရဲအုပ်စောရွှေမောင်က ပြောပါတယ်။ "တရုတ်နိုင်ငံသား ၇ ဦးနဲ့ ကားသမား ၂ ဦး ပေါင်း ၉ ဦးကို သီးကုန်းအမြန်လမ်းရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးထားပါတယ်။ မန္တလေးဘက် သွားမယ်ပြောတာပဲ။ မြန်မာနိုင်ငံထဲမှာ တရားမဝင် ဝင်ပြီး နေနေကြတာပါ။ ကုန်ကားပုံစံနဲ့ လူစီးဖို့ သေသေချာချာကို ၂ ထပ်လုပ်ထားတာ တွေ့ရတယ်"လို့ ပြောပါတယ်။ ဖမ်းဆီးမိခဲ့ တရုတ်နိုင်သား ၇ ဦးဟာ လွန်ခဲ့တဲ့ ၂ လကျော်လောက်ကတည်းက တရုတ်နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာပြီး မြဝတီမြို့မှာ နေထိုင်ခဲ့တာလို့ သိရပါတယ်။  သူတို့ကို ပို့ဆောင်ခအဖြစ် ယာဉ်မောင်း သက်ဆွေက ၂ သိန်းနဲ့ ယာဉ်နောက်လိုက် ဝင်းစိုးဦးက ၅ သောင်းရတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသား ၇ ဦးကို မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှု လဝကဥပဒေ ပုဒ်မ ၁၃/၁၊ သက်ဆွေနဲ့ဝင်းစိုးဦးတို့ကိုတော့ အခကြေးငွေယူပြီး မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရာက်နေထိုင်ရန် အားပေးကူညီမှု လဝကဥကဒေပုဒ်မ ၁၃/၅ နဲ့   သီးကုန်းအမြန်လမ်းရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း ဓာတ်ပုံ-အမြန်လမ်းမီးသတ်ဖွဲ့
4 months Ago

July 20, 2020

ပြင်ဦးလွင်၌ တရားမဝင် ဝင်လာသည့် တရုတ်နိုင်ငံသား ၄ ဦး ဖမ်းဆီးရမိ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေအားလျှပ်စစ်စက်ရုံသွားလမ်း သံတံခါးဂိတ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ESTIMA အမျိုးအစား လိုင်စင်မဲ့ ယာဉ်တစီးကို ရပ်တန့်စစ်ဆေးရာ စစ်ဆေးခံခြင်းမရှိဘဲ နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရပါယ်။ အဲဒီယာဉ်ကို ကဗျူးကျေးရွာအဝင်လမ်းဆုံမှာ ဖမ်းမိခဲ့ပြီး ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် မြန်မာနိုင်ငံသား ၄ ဦးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၄ ဦးနဲ့ တရားမဝင် ခေါ်သွင်းလာသူ ၄ ဦးတို့ကို တရားဥပဒေအရ အရေးယူနိုင်ရေး ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
7 months Ago
Up