တရားမဝင်ဝင်ရောက်

October 25, 2021

ထိုင်းနိုင်ငံတွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၄ ဦး ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ကန်ကျနပူရီခရိုင်၊ ဆိုင်းယုတ်မြို့နယ်ထဲမှာ အောက်တိုဘာ ၂၄ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂၀ ဦး ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ဒီကနေ့မနက်မှာလည်း နောက်ထပ် ၁၄ ဦးဖမ်းဆီးခံခဲ့ရပါတယ်။ 

နယ်ခြားစောင့်တပ် အမှတ် ၁၃၆ တပ်ဖွဲ့ဝင်တွေဟာ  ဆိုင်းယုတ်မြို့နယ် လုမ်ဆုမ့်ကျေးရွာအုပ်စု ဖူးနွဲ့ရွာအနီးနယ်စပ်တလျှောက် လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် မနက် ၈ နာရီလောက်မှာ ကားလမ်းတလျှောက် မောင်းနှင်လာတဲ့ တိုယိုတာတံဆိပ် အဖြူရောင်မှန်လုံကားတစ်စီးကိုလည်း တားဆီးစစ်ဆေးခဲ့ပါတယ်။ 

ကားပေါ်မှာ ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့အထောက်အထားတစုံတရာမရှိ မြန်မာ ၁၄ ဦး ( ကျား ၁၀ ဦး မ ၄ ဦး ) လိုက်ပါစီးနင်းလာတာကြောင့် အသက် ၂၇ နှစ်ရွယ်ရှိ ထိုင်းလူမျိုး ယာဉ်မောင်း နဲ့  ၃၀ နှစ်ရွယ် ထိုင်းအမျိုးသား ၁ ဦးတို့ပါ တရားမဝင်သူတွေ သယ်ဆောင်လာမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ  မြန်မာအလုပ်သမားတွေဟာ ရန်ကုန်တိုင်းကဖြစ်ပြီး ထိုင်းမှာအလုပ်လာလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ပေးကာ ရောက်လာကြကြောင်း ၊ ဘယ်မြို့မှာ အလုပ်သွားလုပ်ရမလဲဆိုတာတော့ မသိသေးဘူးလို့ ဆိုပါတယ် ။ တာဝန်ရှိသူတွေက သူတို့ကို အပူချိန်တိုင်းပြီး လဝကဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

လတ်တလော ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် ဝင်ရောက်လာသူတွေ နေ့စဉ်လိုဖမ်းဆီး ရမိနေလို့ နယ်စပ်တလျှောက် ၂၄ နာရီလုံခြုံရေးစောင့်ကြပ်ဖို့ ထိုင်းအမျိုးသားလုံခြုံရေးဘက်က သက်ဆိုင်ရာနယ်ခြားစောင့်တပ်နဲ့ အုပ်ချုပ်ရေးရုံးတွေကို ညွှန်ကြား ထားပါတယ်။ 

ကိုးကား - ကန်ကျနပူရီသတင်း

1 year Ago

May 2, 2020

ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဘင်္ဂါလီ ၄ ဦး တရားမဝင် ထပ်မံဝင်ရောက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကို ဘင်္ဂါလီ ၄ ဦး ဧပြီလ ၃၀ ရက်နေ့က တရားမဝင်  ထပ်မံဝင်ရောက်လာတယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦး စိုးအောင်က ပြောပါတယ်။  အဆိုပါ ၄ ဦးဟာ မင်္ဂလာကြီးနယ်မြေဘက်က ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာတော့ လှဖိုးခေါင် ယာယီစခန်းမှာ Facility Quarantine အနေနဲ့ ၂၁ ရက် ထားရှိထားတယ်လို့ ဆိုပါတယ်။   ဒါ့အပြင် ဧပြီ ၄ ရက်နေ့ကလည်း တရားမဝင် ဝင်ရောက်လာသူ ၁၂ ဦးရှိခဲ့ပြီး အဲဒီလူတွေကိုလည်း လှဖိုးခေါင် ယာယီစခန်းမှာ Facility Quarantine ထားရှိထားတယ်လို့ စခန်းတာဝန်ရှိသူက ပြောပါတယ်။  ဧပြီ ၁၃ ရက်နေ့ကစပြီး မောင်တောနယ်စပ်ဂိတ်ပေါက်တွေ အားလုံးကို ပိတ်ထားပေမဲ့ နယ်စပ်မျဉ်းဟာ ရှည်လျားတဲ့အတွက် မောင်တောနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာသူတွေမရှိအောင် တားဆီးဖို့ မလွယ်ကူဘူးလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှုးက ပြောပါတယ်။     ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း COVID-19 ရောဂါကူးစက်ရောဂါကြောင့် သေဆုံးမှုဟာ  မေလ ၁ ရက်နေ့အထိ  ၁၇၀ ဦးအထိ ရှိလာနေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။ လင်းလက်
3 years Ago
Up