တရားမဝင်လက်နက်

August 13, 2019

တရားမဝင် သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်း တသိန်းကျော် တရုတ်အစိုးရ ဖျက်ဆီး

တရုတ်နိုင်ငံတလွှား မြို့ပေါင်း ၁၅၄ မြို့က တရားမဝင် သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်း တသိန်းကျော်ကို တရုတ်အစိုးရက သြဂုတ် ၁၂ ရက်မှာ ဖျက်ဆီးခဲ့တယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။ ဒီလက်နက်တွေဟာ မနှစ်က သိမ်းဆည်းရမိတဲ့ ဒါမှမဟုတ် ရဲတပ်ဖွဲ့ကို လာအပ်တဲ့ ပစ္စည်းတွေ လို့လည်း ပြောပါတယ်။ လေသေနတ်၊ ပြောင်းချောသေနတ်၊ ဒိုင်းနမိုက်နဲ့ ဗုံးသီး အပါအဝင် ဖောက်ခွဲရေးပစ္စည်း အများအပြား အပါအဝင် တရားမဝင် လက်နက်ပေါင်း ၁ သိန်း ၇ ထောင်ကို ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက နိုင်ငံတလွှားမှာ အခမ်းအနားနဲ့ ဖျက်ဆီးခဲ့တယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။ တရုတ်ရဲ့ အဓိက စီးပွားရေးပြိုင်ဘက်နဲ့ ကုန်သွယ်ရေး စစ်ပွဲအတွင်း ခါးသီးတဲ့ရန်ဘက် အမေရိကန်နိုင်ငံထဲမှာ လူအုပ်ကို ပစ်ခတ်မှုတွေ အတော်များများ ကြုံအပြီး သေနတ်ပိုင်ဆိုင်မှု ပိုထိန်းချုပ်ရေးကို လူကြိုက်များမှု တိုးလာနေပါတယ်။ တရုတ်နိုင်ငံအတွင်း ကိုယ်ရေးကိုယ်တာ သေနတ်ပိုင်ဆိုင်မှုကို တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင် ထားလို့ နိုင်ငံတွင်းမှာ သေနတ်ကိုင် အကြမ်းဖက်မှု အင်မတန် နည်းပါးတယ်လို့လည်း အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။
Zawgyi Version တရားမဝင္ ေသနတ္ႏွင့္ ေဖာက္ခြဲေရးပစၥည္း တသိန္းေက်ာ္ တ႐ုတ္အစိုးရ ဖ်က္ဆီး DVB တ႐ုတ္ႏိုင္ငံတလႊား ၿမိဳ႕ေပါင္း ၁၅၄ ၿမိဳ႕က တရားမဝင္ ေသနတ္နဲ႔ ေဖာက္ခြဲေရးပစၥည္း တသိန္းေက်ာ္ကို တ႐ုတ္အစိုးရက ၾသဂုတ္ ၁၂ ရက္မွာ ဖ်က္ဆီးခဲ့တယ္လို႔ အစိုးရမီဒီယာက ေျပာပါတယ္။ ဒီလက္နက္ေတြဟာ မႏွစ္က သိမ္းဆည္းရမိတဲ့ ဒါမွမဟုတ္ ရဲတပ္ဖြဲ႔ကို လာအပ္တဲ့ ပစၥည္းေတြ လို႔လည္း ေျပာပါတယ္။ ေလေသနတ္၊ ေျပာင္းေခ်ာေသနတ္၊ ဒိုင္းနမိုက္နဲ႔ ဗံုးသီး အပါအဝင္ ေဖာက္ခြဲေရးပစၥည္း အမ်ားအျပား အပါအဝင္ တရားမဝင္ လက္နက္ေပါင္း ၁ သိန္း ၇ ေထာင္ကို ျပည္သူ႔လံုၿခံဳေရး ဝန္ႀကီးဌာနက ႏိုင္ငံတလႊားမွာ အခမ္းအနားနဲ႔ ဖ်က္ဆီးခဲ့တယ္လို႔ အစိုးရမီဒီယာက ေျပာပါတယ္။ တ႐ုတ္ရဲ႕ အဓိက စီးပြားေရးၿပိဳင္ဘက္နဲ႔ ကုန္သြယ္ေရး စစ္ပြဲအတြင္း ခါးသီးတဲ့ရန္ဘက္ အေမရိကန္ႏိုင္ငံထဲမွာ လူအုပ္ကို ပစ္ခတ္မႈေတြ အေတာ္မ်ားမ်ား ႀကံဳအၿပီး ေသနတ္ပိုင္ဆိုင္မႈ ပိုထိန္းခ်ဳပ္ေရးကို လူႀကိဳက္မ်ားမႈ တိုးလာေနပါတယ္။ တ႐ုတ္ႏိုင္ငံအတြင္း ကိုယ္ေရးကိုယ္တာ ေသနတ္ပိုင္ဆိုင္မႈကို တင္းတင္းက်ပ္က်ပ္ တားျမစ္ပိတ္ပင္ ထားလို႔ ႏိုင္ငံတြင္းမွာ ေသနတ္ကိုင္ အၾကမ္းဖက္မႈ အင္မတန္ နည္းပါးတယ္လို႔လည္း အစိုးရမီဒီယာက ထုတ္ျပန္ပါတယ္။
2 years Ago
Up