တရားမဝင်နိုင်ငံခြားသား

A d v e r t i s e m e n t With Us

June 5, 2020

မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နိုင်ငံခြားသား ၇ ဦးဖမ်းမိ

မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နေထိုင်တဲ့ နိုင်ငံ ၄ နိုင်ငံက နိုင်ငံခြားသား ၇ ဦးကို ဖမ်းမိခဲ့သလို နိုင်ငံဂျီးရီးယားနိုင်ငံသား ၁ ဦးနဲ့  မြန်မာနိုင်ငံသား ၁ ဦးတို့ကိုလည်း မူးယစ်ဆေးဝါး ကျပ် သိန်း ၃၀ ဖိုးနဲ့  အတူဖမ်းဆီးရမိပါတယ်။ မုဒိတာအိမ်ရာဝင်းအတွင်းကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လဝကတို့ပါဝင်တဲ့ တာဝန်ရှိသူတွေ က ဇွန် ၄ ရက်နေ့မှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့တာပါ။  အဲဒီလိုစစ်ဆေးရာမှာ မုဒိတာအိမ်ရာ၊ တိုက် (A) အခန်းအမှတ် ၇၁၅ မှာ ဆေးခြောက် ၁၅၆ ဂရမ်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၇၄၄ (ကာလတန်ဖိုး သိန်းသုံးဆယ်ဝန်းကျင်) လက်ကိုင်ဖုန်းသုံးလုံး၊ မူးယစ်ဆေးဝါးရောင်းချရတဲ့ ငွေလို့ယူဆရတဲ့ ငွေ ၈၂၀၀၀ ကျပ်၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့အခါ အသုံးပြုတဲ့ပစ္စည်းတွေနဲ့အတူ နိုင်ငံဂျီးယီးယား ၁ ဦးနဲ့ မြန်မာအမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ဒီဗွီဘီကို ပြောပါတယ်။ သူတို့ နှစ်ဦးကိုတော့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုတွေနဲ့ ဘုရင့်နောင်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရားဝင်နေထိုင်တာမဟုတ်တဲ့ ကိုးရီးယားနိုင်ငံသား ၂ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၃ ဦး၊ ဂါနာနိုင်ငံသား ၁ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး စုစုပေါင်း ၇ ဦးတို့ကိုလည်း လဝက အက်ဥပဒေနဲ့ အရေးယူသွားမယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲဒီအိမ်ရာဝင်းထဲမှာ တခြားနေထိုင်တဲ့ ကိုရီးယားနိုင်ငံသား ၂၄ ဦး၊ တရုတ်နိုင်ငံသား ၃ ဦး၊ အမေရိကန်နိုင်ငံသား ၃ ဦး၊ အိန္ဒိယနိုင်ငံသား ၆ ဦး၊ ဂျပန်နိုင်ငံသား ၁ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ နီပေါနိုင်ငံသား ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး စုစုပေါင်း ၄၁ ဦးကတော့  သတင်းတိုင်ကြားပြီး တရားဝင်နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တရားမဝင်နေထိုင်သူတွေ နေတဲ့ တိုက်ခန်းပိုင်ရှင်တွေကိုလည်း လဝက ဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ လဝကတာဝန်ရှိသူတွေကို မေးမြန်းဖို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မုဒိတာအိမ်ရာ (၁) မှာ နေထိုင်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေက အမျိုးသမီးတွေအပေါ် နှောင့်ယှက်နေတဲ့ကိစ္စ  တိုင်းအစိုးရတာဝန်ရှိသူတွေက အရေးမယူတာကြောင့် ပြည်ထောင်စုအဆင့်ထိ ဆက်လက်တိုင်ကြားသွားမယ်လို့ မရမ်းကုန်းမြို့နယ်လွှတ်တော်အမတ်က ပြောဆိုခဲ့တဲ့အကြောင်း ဇွန်လ ၃ ရက်မှာ ဒီဗွီဘီကလည်း သတင်း ထုတ်လွှင့်ခဲ့ပါတယ်။ ဒီသတင်းတွေထွက်လာပြီးနောက် မုဒိတာအိမ်ရာဝင်းအတွင်းကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လဝက အစရှိတဲ့ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာပါ။
9 months Ago

December 27, 2019

ဘန်ကောက်ဂေးလ်အနှိပ်ခန်းကို ထိုင်းရဲဝင်ရောက်စီးနင်း၊ မြန်မာ ၄ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖယားထိုင်းနယ်မြေရှိ ခန့်ငြားထယ်ဝါတဲ့ အနှိပ်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး တရားမဝင်နိုင်ငံခြားသားတွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းလ၀က ရဲတပ်ဖွဲ့ က ဒီနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  ဖယားထိုင်းနယ်မြေ စွဲအာရီ ၄ လမ်းထဲရှိ VCLUB7  ဂေးလ်အနှိပ်ခန်းမှာ အညောင်းပြေနင်းနှိပ်ပေးရုံမကဘဲ လိင်ပိုင်းဆိုင်ရာပျော်ရွှင်မှုပါ ဝန်ဆောင်ပေးကြောင်း သတင်းရထားတဲ့အတွက် တာဝန်ရှိသူတွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့တာလို့ ထိုင်းလ၀ကရဲချုပ် ဆုမ်ဖုန်း ချင်းဒုံက  ဆွန်ဖူးနယ်မြေရဲစခန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့တာပါ ။ အဆိုပါအနှိပ်ခန်းမှာ နှိပ်နယ်ပေးတဲ့ အမျိုးသား၀န်ထမ်း ၃၀ ဦးခန့်ရှိပြီး အခန်းတွေထဲမှာ အသုံးပြုပြီးသား ကွန်ဒုံးနဲ့ အသုံးမပြုသေးတဲ့ ကွန်ဒုံးထုတ်အသစ်တွေပါ  စစ်ဆေးတွေ့ရှိကြောင်း ၊ ဖောက်သည်အများစုမှာ နိုင်ငံခြားသားနဲ့ ထိုင်းဗွီအိုင်ပီတွေ ဖြစ်ပြီး ဝန်ဆောင်ခမှာ တစ်ကြိမ်လျှင် ဘတ်ငွေ ၃၀၀၀ ကနေ ၆၅၀၀ ဘတ်အထိရှိတယ်လို့ ဆိုပါတယ် ။ ဝန်ထမ်းတွေကို စစ်ဆေးရာမှာတော့ နေထိုင်ခွင့်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား ၁၁ ဦးကို တွေ့ရှိရကြောင်း ၊ အဲဒီထဲမှာ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး ၊ မြန်မာ ၄ ဦး ၊ လာအို ၄ ဦး နဲ့ ဗီယက်နမ်နိုင်ငံသား ၂ ဦးတို့ ပါဝင်ပြီး သူတို့ကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှု ၊ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှု ၊ ကန့်သတ်ထားတဲ့လုပ်ငန်းအမျိုးအစား လုပ်ကိုင်မှုတွေနဲ့ အရေးယူသွားမယ်လို့ လ၀ကရဲ မှူးက ပြောပါတယ်။  ဒါ့အပြင် အနှိပ်ခန်းပိုင်းရှင် ထိုင်းလူမျိုးမှာလည်း တရားမဝင်နိုင်ငံခြားသားတွေ လက်ခံထားရှိမှု ၊ ပြည်တန်ဆာခန်းဖွင့်မှုတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ် ။  ဒီမတိုင်ခင်က တာဝန်ရှိသူတွေဟာ အားရီး ၄ လမ်းထဲက The Prince ဆိုတဲ့ အနှိပ်ခန်းကို ဝင်ရောက်စီးနင်းဖြိုခွင်းခဲ့ပြီး အဲဒီနောက် အလုပ်သမားတွေဟာ ယခု VCLUB7 အနှိပ်ဆိုင်မှာ ပြန်လာလျှောက်ထားလုပ်ကိုင်နေတာကို သိရတယ်လို့ လ၀ကရဲချုပ်က ပြောသွားပါတယ် ။  ကိုးကား - မန်နေဂျာအွန်လိုင်း
1 year Ago
Up