တရားမဝင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူကို ဖမ်းဆီး

October 4, 2016

ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူကို ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပေါက်တောကျေးရွာတွင် တရားမဝင် ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသနေသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့က ပေါက်တောကျေးရွာမှာ တရားမဝင် ဆေးကုသခွင့်လိုင်စင် မရှိဘဲ ဆေးကုသနေသူတဦးအား သတင်းအရ သွားရောက်စစ်ဆေးရာမှ နေအိမ်ထဲ သွေးပေါင်ချိန်တိုင်းကိရိယာ ၁ ခု၊ နားကြပ် ၁ ခု၊ ဆေးထိုးအပ် ၃၇ ချောင်း၊ ဆေးပုလင်းမျိုးစုံ ၁၃ ပုလင်း၊ အရက်ပြန် ၁ ပုလင်း၊ ဆေးမျိုးစုံ ၃၀ လုံး၊ ဂွမ်းထုပ် ၁ ထုပ်တို့ကို အသင့်တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ မြို့မရဲစခန်းမှ ရဲအုပ် ဝင်းထွဋ်အောင်က ဒီဗွီဘီကို ပြောပါတယ်။ တရားမဝင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ကျေးရွာအတွင်း ဆေးကုသနေသူကို ညောင်လေးပင် မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ- နေလင်းထိုက်
5 years Ago
Up