တရားမဝင်သစ်များ

February 23, 2018

၆ ဘီးယာဉ် ၁၀ စီးပေါ်မှ တရားမဝင်သစ်များ သိမ်းဆည်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်အတွင်းမှာ ၆ ဘီးယာဉ်တွေပေါ်ကနေ တရားမ၀င်သစ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ မိုင်းတုံမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ရွှေတောင်ကျေးရွာရဲ့ တောင်ဘက် ၁ မိုင်ခန့်အကွာ ရပ်တန့်ထားတဲ့ ဒေါင်ဖန်းအမျိုးအစား ခြောက်ဘီးယာဉ် ၆ စီးမှာ တင်ဆောင်ထားတဲ့ တရားမ၀င်သစ်လုံးတွေနဲ့ သစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၄၂ တန်လောက်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။ အလားတူ ဖေဖော်ဝါရီ ၂၁ ရက် မနက်ကလည်း ရွှေတောင်ကျေးရွာရဲ့ မြောက်ဘက် ၄ မိုင် ခန့်အကွာမှာ ရပ်တန့်ထားတဲ့ ဒေါင်ဖန်းအမျိုးအစား ခြောက်ဘီးယာဉ် ၄ စီးပေါ်မှာ  တင်ဆောင်ထားတဲ့ တရားမဝင် သစ်လုံးတွေနဲ့ သစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၃၆ တန်လောက်ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ မော်တော်ယာဉ်တွေနဲ့ တရားမဝင်သစ်တွေကို မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ သိရပါတယ်။ Photo : CINCDS
4 years Ago

March 8, 2017

ကျွန်းလှမြို့နယ်အတွင်း ၃ ရက်ဆက်တိုက် တရားမဝင်သစ်များ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ထဲမှာ အဖွဲ့ပေါင်းစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့က တောနင်းရှာဖွေဖမ်းဆီးမှုတွေ ဆောင်ရွက်ရာ ၃ ရက်အတွင်းမှာ တရားမဝင် သစ်မျိုးစုံနဲ့ ခွဲသားမျိုးစုံ တန် ၄၀ ခန့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စီမံချက်အရ အဖွဲ့စုံမှ တရားမဝင် သစ်ဖမ်းဆီးမှုတွေ ဆောင်ရွက်ရာ မတ်လ ၄ ရက် ညက မော်ကယ်အရှေ့ကျေးရွာတောင်ဘက် ၄ မိုင်ခန့်အကွာမှာ ကျွန်းလှမြို့နေသူ စိုးမြင့်ကို သက်သေခံပစ္စည်း ကျွန်းသစ်၊ တခြားသစ်မာမျိုးစုံ၊ ခွဲသားမျိုးစုံ စုစုပေါင်း ၆ တန်ခွဲခန့်၊ ကာလတန်ဖိုး ၇ သိန်းခွဲခန့်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။ မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း မော်ကယ်အရှေ့ကျေးရွာ အနောက်ဘက် ၈ မိုင်ခန့်အကွာ ကျွန်းလှမြို့နေသူ စိန်မောင်ဝင်းကိုလည်း ကျွန်းသစ်နဲ့ တခြားသစ်မာမျိုးစုံ၊ သစ်ခွဲသားမျိုးစုံ စုစုပေါင်း ၂၆ တန်ကျော် ကာလတန်ဖိုး ၃၂ သိန်းခန့်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။ မတ်လ ၆ ရက်နေ့မှာလည်း ရွာကုန်းကြီးကျေးရွာ၊ ကွက်သစ်လမ်းမှာ သန်းဝင်း မောင်းနှင်လာတဲ့ ဟီးနိုးအစိမ်းရောင် နံပါတ်မပါ ကားပေါ်မှ တရားမဝင် အင်ခွဲသားဆိုက်စုံ ၂၇၉ ချောင်း (၆ ဒသမ ၂၆၅ တန်)၊ ကာလတန်ဖိုး ၅ သိန်းခန့်နဲ့ တရက်တည်းမှာပဲ  အင်းလျားရှည်ကျေးရွာဆိပ်ကမ်းမှာ ကာလတန်ဖိုး ၁၃၂၀၀၀ ကျပ် တန်ဖိုးရှိ သစ်မာ ၂၀ လုံး (၀ ဒသမ ၈၈တန်) ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိမှုတွေနဲ့ပတ်သက်ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်
5 years Ago
Up