တရားမဝင်

A d v e r t i s e m e n t With Us

August 10, 2018

တရားမဝင် တရုတ်ကုန်ကားများပေါ်မှ မြေဆီအိတ် ၁၂၀၀၀ ကျော် စစ်ဆေးတွေ့ရှိ  

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးရေတံခွန်အနားမှာ တရုတ်နိုင်ငံဘက်နေ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်တင်ကားတွေကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေရာမှာ မြေဆီအိတ်စုစုပေါင်း ၁၂၀၀၀ ကျော် စစ်ဆေးတွေ့ရှိရပါတယ်။ ဩဂုတ် ၂ ရက်က ဆဒုံးရေတံခွန်အနီးမှာ ဖမ်းဆီးထားတဲ့ တရုတ်ကုန်တင်ကား ၃၁ စီးကို သြဂုတ် ၆ ရက်က စလို့ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့တွေမှာ နှစ်နေရာခွဲပြီး စစ်ဆေးနေတာပါ။ မြစ်ကြီးနားမှာ ကား ၁၂ စီးကို ဖောက်စစ်တဲ့အခါမှာ မြေဆီအိတ် စုစုပေါင်း ၁၂၃၀၃ အိတ် တွေ့ရှိခဲ့ပြီး ဝိုင်းမော်မှာ စစ်တဲ့ကား ၆ စီးမှာတော့ စက္ကူလိပ်၊ ဖော့ပြားတွေနဲ့ ကတ်ထူပုံးတွေ တွေ့ရှိရတယ်လို့ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့က သိရပါတယ်။ ဖမ်းဆီးထားတဲ့ကား ၃၁ စီးအနက် ၁၈ စီးကို စစ်ဆေးပြီးစီးသွားပြီဖြစ်ပြီး ကျန်ရှိတဲ့ ကားတွေပေါ်မှာ ပါတဲ့ပစ္စည်းတွေ အားလုံးကို သက်ဆိုင်ရာဌာနပေါင်းစုံပါတဲ့ အဖွဲ့ပေါင်းစုံကနေ အသေးစိတ်  ဆက်လက်စစ်ဆေးနေပါတယ်။
3 years Ago

August 7, 2018

တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် ကုန်တင်ကားကြီးများကို ဖမ်းဆီးစစ်ဆေးနေ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့မှာ ဩဂုတ်လ ၂ ရက်က ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံဘက်က လာတဲ့ ကုန်တင်ကား ၃၁ စီးမှာပါရှိတဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာက စိစစ် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီကား ၃၁ စီးဟာ တရုတ်နိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတာဖြစ်ပြီး ကားပေါ်မှာ မြေဆီနဲ့ ဓာတ်မြေသြဇာလို့ ယူဆရတဲ့ပစ္ဓည်းတွေ သယ်ဆောင်လာတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဩဂုတ်လ ၂ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ဆဒုံး ရေတံခွန်အနီး တရုတ်နိုင်ငံမှ ကချင်ပြည်နယ်ဘက်ကို ဝင်ရောက်လာတဲ့ ကား ၃၁ စီးနဲ့ တရုတ်နိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးထားတာပါ။ အဆိုပါ တရုတ်နိုင်ငံသား ၈ ယောက်ထဲမှာ ၂ဦးကတော့ လ.ဝ.က စစ်ဆေးချက်အရ တရားမဝင် ဝင်ရောက်လာတာဖြစ်လို့ ဝိုင်းမော်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။ ဖမ်းဆီးထားတဲ့ကား ၃၁ စီးမှာပါတဲ့ ပစ္စည်းတွေကိုတော့ သက်ဆိုင်ရာ ဌာနအလိုက် စုပေါင်းပြီး အသေးစိတ် စစ်ဆေးတာတွေ ပြုလုပ်နေပြီး လုံခြုံရေးကိစ္စကိုတော့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်နေတာပါ။
3 years Ago
More News
Up