တရားပွဲ

May 3, 2019

ထိုင်းနိုင်ငံ ဖူးခက်တွင် ကျင်းပမည့် ဆရာတော်ဦးဝီရသူ တရားပွဲ ဖျက်သိမ်း

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့၊ စူပါချိပ်ကုန်တိုက်အပိုင် နာခါတန်းလျားမှာ ဒီကနေ့ မေလ ၃ ရက် ည ၈ နာရီအချိန် ကျင်းပဖို့ စီစဉ်ထားတဲ့ တရားပွဲတခုကို ဖျက်သိမ်းလိုက်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ တရားပွဲမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်ကျောင်း ဆရာတော် ဦးဝီရသူကို ပင့်ဖိတ်ထားပေမယ့် ပွဲစီစဉ်တဲ့ထဲ ပါဝင်သူ ဒကာတချို့က ဘေးကိစ္စတွေ ဝင်လာမှာ စိုးရိမ်တယ်ပြောလို့ သူတို့အကြံပြုချက် လေးစားတဲ့အနေနဲ့ တရားပွဲ ဖျက်သိမ်းလိုက်တာလို့ တရားပွဲစီစဉ်သူ ကိုမင်းမင်းက ဒီဗွီဘီကို ပြောပါတယ်။ “အစက ဆရာတော် ထိုင်းလာဖို့ရှိတယ်ဆိုတာ သိရလို့ အခွင့်ကြုံတုန်း တရားပွဲလုပ်ဖို့ စီစဉ်လိုက်တာပါ။ ဒါပေမယ့် ကျနော်တို့ ပွဲဖြစ်မြောက်ရေးထဲက တချို့တွေက ဘေးကိစ္စတွေ ဝင်လာမှာ စိုးရိမ်တယ်။ ဖြစ်လာရင် မလုပ်ရဲဘူးလို့ ပြောလာတော့ ကျနော်လည်း အများဆန္ဒနဲ့အညီ မလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ထိုင်းအာဏာပိုင်တွေက တားမြစ်တယ်ဆိုတာ မဟုတ်ပါဘူး၊ အရင်က ကျနော်တို့ကျင်းပခဲ့တဲ့ တရားပွဲတိုင်းကိုလည်း ခွင့်ပြုခဲ့ပါတယ်။ ဒီကိစ္စလည်း ဘာမှ လာပြောတာမရှိပါဘူး။ မလုပ်ဖြစ်တဲ့အကြောင်း ဆရာတော်ကိုလည်း သူ့ဒကာတွေကနေတဆင့် ပြန်လျှောက်ထားလိုက်ပါတယ်။ တရားပွဲလာမယ့်သူတွေ အားလုံးကိုလည်း ဒီကနေ တောင်းပန်ပါတယ်ခင်ဗျ။” ဖူးခက်ခရိုင်မှာ မြန်မာအလုပ်သမားတွေ သောင်းနဲ့ချီ ဝင်ရောက်လုပ်ကိုင်နေပြီး စူပါချိပ်ကုမ္ပဏီပိုင် လုပ်ငန်းတွေထဲမှာတင် မြန်မာလုပ်သား ၂၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ အမိမြေနဲ့ ခွဲခွာလာတဲ့ မြန်မာလုပ်သားတွေ အချင်းချင်း လာရောက်ဆုံဆည်းပြီး ဓမ္မတရား နားဆင်ကာ ကုသိုလ်ရဖို့၊ လူမှုကူညီရေးကိစ္စတွေ ဖလှယ်ဖို့ ဖူးခက်မှာ မြန်မာလုပ်သားတွေကြား တရားပွဲကို အလျဉ်းသင့်သလို ဆောင်ရွက်နေတာ အနည်းဆုံး ၈ ကြိမ်လောက် ရှိသွားပြီလို့ သိရပါတယ်။ ဆရာ​တော်​ ဦးဝီရသူဟာ ၂၀၁၇ ခုနှစ်မှာ တရားပွဲ ၁ နှစ်ကြာ ပိတ်ပင်ခံထားရပြီးနောက် မန္တ​လေးတိုင်း​အတွင်း ပထမဆုံးတရားပွဲကို ပြည်​ကြီးတံခွန်မြို့နယ်​​​မှာ ပြီးခဲ့တဲ့နှစ် မတ် ၂၈ ရက်ေ​န့က စတင်​​ဟောကြားခဲ့ပါတယ်​။
3 years Ago

January 19, 2019

မိုင်းဖုန်းဆရာတော်၏ ချင်းမိုင်တရားပွဲ လူဦးရေ သောင်းချီ တက်ရောက်ကြားနာ

လတ်တလော ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရှမ်းပြည်နယ် တာချီလိတ်ခရိုင် လွယ်လိန်းေ ကျာင်းတိုက်က ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ ဘဒ္ဒတ ဥာဏသံဝရ ( မိုင်းဖုန်း  ဆရာတော် ) ဟာ ခုရက်ပိုင်းအတွင်း တရားဆက်တိုက်ဟောကြားနေပြီး ချင်းမိုင်တရားပွဲမှာတော့ လူသောင်းချီ တက်ရောက်ကြားနာခဲ့ပါတယ်။ ဆရာတော်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့က ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် အမှတ် ၇ စစ်တိုင်းဌာနချုပ်မှာ  ၃ နာရီလောက်ကြာ တရားဟောကြားပြီး ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ဘန်ကောက် ၀ိဖာဝဒီရန်းဆစ်နယ်မြေရှိ ထိုင်းရဲတပ်ဖွဲ့ဝင်များ အသင်းတိုက်မှာလည်း ၃ နာရီကြာ ဟောကြားခဲ့ပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ ဘန်ကောက် ဘန်ကပီနယ်မြေရှိ  နိုင်ငံတကာ အားကစားရုံကြီးမှာ တရားဟောကြားခဲ့ပါတယ်။ အဆိုပါ တရားပွဲတွေမှာ ဆရာတော်ဟာ နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကို ထိုင်းဘာသာ နဲ့ အဓိကဟောကြားပြီး ယွန်းဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာ၊ တရုတ်ဘာသာတွေနဲ့လည်း ထည့်သွင်းဟောကြားခဲ့ပါတယ်။ ဆရာတော်က တရားနာပရိသတ်တွေကို ကုသိုလ်ကြီး၍ ယခုဘ၀တွင် ဗုဒ္ဓသာ သနာနှင့် တွေ့ကြုံရတာဖြစ်ကြောင်း၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေကို ကြားနာပြီးက ရင်ထဲထားကာ ဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ မကောင်းမှုဒုစရိုက်တွေ ရှောင်ရှားပြီး မိမိစိတ်ကို စင်ကြယ်အောင်သန့်စင်ဖို့  ဖြည်းဖြည်းချင်းကြိုးစားသွားရင်၊ လုံ့လ၀ီရိယရှိရင်၊ သတိ၊ သမာဓိ၊ ပညာရှိရင် နိဗ္ဗာန်ဆိုတာမဝေးကြောင်း၊ လူမိုက်တွေဟာ လေးလံတဲ့အရာတွေကို သယ်ဆော င်တတ်ပြီး လူကောင်းတွေဟာ ပေါ့ပါးတဲ့ အရာကိုသာ သယ်ဆောင်ကြောင်း၊ တန်ဖိုးရှိသော ရတနာအစစ်ကိုရှာဖွေပြီး အတုကိုရှောင်ရှားစေလိုကြောင်း၊ လောကမှာ ရွှေငွေရတနာတု၊  မိတ်ဆွေတု၊ ဆရာတု၊ လင်တု ၊ မယားတုတွေလည်းပေါများပြီး အဲဒါတွေဟာ တန်ဖိုးမဲ့ကြောင်း၊ မိမိကိုယ်တိုင် မိဘကောင်း၊ ဆရာကောင်း၊ သားသမီးကောင်း၊ တပည့်ကောင်းတွေဖြစ်ေ အာင်ကြိုး စားဖို့ ဟောကြားပါတယ်။ ဘုရားရှိခိုးရာမှာ ၀တ်ကျေတန်းကျေရှိခိုးတာ ၊ ဖြစ်သလိုရှိခိုးတာတွေ မလုပ်ဘဲ စိတ်နှလုံး သွင်းကာ နက်ရှိုင်းစွာကြည်ညိုရှိခိုးဖို့ ၊ မိမိလိုလားချက်တွေကို မည်သူ့ဆီကမှ ဆုတောင်းပြီး ယူစ ရာမလိုဘဲ လူတိုင်းမှာ ကောင်းသောအရာတွေရှိပြီးသား  မှန်ကန်စွာအသုံးချပြီး ဆောင်ရွက်ယူ တတ်ဖို့ သာလိုအပ်ကြောင်း ဟောကြားပါတယ်။ ဆရာတော်ရဲ့ ချင်းမိုင်က တရားပွဲမှာ လူတွေ သောင်းနဲ့ချီ လာရောက်ကြားနာပြီး ဘန်ကောက် ရဲတပ်ဖွဲ့အသင်းရဲ့ ခန်းမကြီးမှာတော့ လူ ၁၅၀၀ သာဆန့်တဲ့အတွက် အပြင်ဘက်မှာ လူတွေတိုးကြိတ်နေတာကို တွေ့ရပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့ အားကစားရုံမှာ ပြုလုပ်တဲ့ တရားပွဲမှာလည်း ထောင်နဲ့ချီတဲ့ ပြည်သူတွေ လာရောက်တရားနာခဲ့ကြပါတယ်။ ဆရာတော်ဟာ ဇန်န၀ါရီလ ၁၉ ရက်မနက်မှာ ထိုင်းနိုင်ငံကနေ  ဘူလ်တန်နိုင်ငံကို ကြွချီသွားပြီး အဲဒီက ပြန်လာရင် ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်ရှိ မိုင်းကျက်ဂူကြီးထဲမှာ ၃ နှစ်၊ ၃ လ၊ ၃ ရက်ကြာ ဂူအောင်းတရားထိုင်မှာ ဖြစ်ပါတယ်။
3 years Ago
Up