တရားစွဲခံရ

July 2, 2021

ငြိမ်းချမ်းရေးဆုတောင်းသည့် ခရစ်ယာန် ဓမ္မဆရာတော် ၃ ပါး တရားစွဲခံရ

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မှ ခရစ်ယာန် ဓမ္မဆရာတော်   ၃ ပါးဟာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ ဦးဆောင်စီစဉ်ခဲ့တဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့  ဖမ်းဆီးတရားစွဲဆိုခံနေရပါတယ်။

ဖမ်းဆီးခံ ဆရာတော် ၃ ပါးကတော့   သိက္ခာတော်ရဆရာတော် ဂိုရှန်ဆင်ဆားရ်၊ သိက္ခာတော်ရဆရာတော် ဇဂေါန်ထီနနဲ့ သိက္ခာတော်ရဆရာတော် မဟောင်ဒီးတို့ ဖြစ်ပါတယ်။

သူတို့ကို မတ် ၃ ရက်က ပူတာအိုခရိုင် နောင်မွန်းမြို့နယ်မှာ ဆုတောင်းပွဲကျင်းပခဲ့တဲ့အတွက် ရဝမ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ RLCC ဥက္ကဋ္ဌက တရားစွဲဆိုခဲ့ပြီးနောက် ဇွန် ၂၈ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန် ကွန်ဗင်းရှင်း (KBC) နဲ့ ရဝမ် နှစ်ခြင်းခရစ်ယာန်ကွန်ဗင်းရှင်းတို့မှ ဆရာတော်တွေဟာ  အကြောက်တရား ဖန်တီးတာ၊ သတင်းမှားများဖြန့်တာနဲ့ အစိုးရ ၀န်ထမ်းတွေအပေါ် ရာဇဝတ်မှုတွေကျူးလွန်ဖို့ လှုံ့ဆော်တာတွေအတွက် ပြစ်မှုဆိုင်ရာဥပဒေ ၅၀၅ (က)နဲ့ တရားစွဲခံရတာဖြစ်ပြီး ဒီပုဒ်မဟာ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တာဖြစ်ပါတယ်။ 

တရားစွဲတဲ့ ရဝမ် စာပေနှင့်ယဉ်ကျေးမှုကော်မတီ RLCC ဥက္ကဋ္ဌဟာ ပူတာအိုက စစ်ကောင်စီအဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အဖွဲ့ဝင်လည်းဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အသက် ၆၀ နီးပါးရှိ  ကျန်းမာရေး သိပ်မကောင်းကြတဲ့ ဆရာတော်တွေကို ဇွန် ၂၉ ရက်က နောင်မွန်မြို့နယ်ရှိ အကျဉ်းထောင်ကို ပို့လိုက်ပြီး ဇူလိုင် ၁၂ ရက်မှာ တရားရုံးမှာ ကြားနာဖို့ အစီအစဉ်ရှိတယ်လို့ ကချင်အခြေစိုက် မီဒီယာတတစ်ခုက ဖော်ပြပါတယ်။

သင်းအုပ်ဆရာတွေဟာ ဆုတောင်းပွဲကို ဦးဆောင်တာသာဖြစ်ပြီး ဘာအမှားအယွင်းမှ မကျူးလွန်ထားလို့ ချက်ချင်းလွှတ်ပေးဖို့တောင်းဆိုနေကြသလို  ကချင်နှစ်ခြင်းခရစ်ယာန်ကွန်ဗင်းရှင်း (KBC) ကလည်း ဆရာတော်တွေ အမြန်ဆုံး လွတ်မြောက်ရေး  ဆုတောင်းကြဖို့ တောင်းဆိုထားပါတယ်။ 

စစ်တပ်ဟာ ကချင်နဲ့ ချင်းပြည်နယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်နဲ့ မန္တလေးတို့က ကက်သလစ်နဲ့ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် ခရစ်ယာန် ဘုရားရှိခိုး ကျောင်းတွေကို ဝင်ရောက်စီးနင်းခဲ့သလို ချင်း၊ ကချင်ပြည်နယ်နဲ့ မန္တလေးမှ ဘုန်းတော်ကြီး ၈ ပါးကိုလည်း ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကစပြီး ခရစ်ယာန်တွေဟာ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အစာရှောင်တာတွေလည်း လုပ်ဆောင်ပါတယ်။

 ဒါ့အပြင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်ခဲ့ပြီး ဆင်းရဲနွမ်းပါးသူတွေနဲ့ အိုးအိမ်စွန့်ခွာ ပြေးနေရသူတွေအတွက် အစားအသောက်နဲ့ အသုံး အဆောင်တွေလည်း ပေးဝေ ထောက်ပံ့ပေးခဲ့ပါတယ်။

5 months Ago

June 30, 2021

ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရသူ ၁၉ ဦး မိတ္ထီလာထောင်မှ ပြန်လွတ်

ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရသူ ၁၉ ဦး မန္တလေးတိုင်း မိတ္ထီလာအကျဉ်းထောင်ကနေ ဇွန်လ ၃၀ ရက်ညနေပိုင်းက လွတ်မြောက်လာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ပြန်လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ မလှိုင်က အမျိုးသမီး ၁ ဦး၊ မိတ္ထီလာက အမျိုးသား ၂ ဦး၊ ဝမ်းတွင်းက အမျိုးသား ၈ ဦး၊ သာစည်က အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး ပေါင်း ၁၉ ဦး လွတ်မြောက်လာပါတယ်။

လွတ်မြောက်လာသူတွေဟာ ပုဒ်မ ၅၀၅ (က) နဲ့ တရားရုံးစစ်ဆေးနေဆဲသူတွေ ဖြစ်တယ် လို့ သိရပါတယ်။

5 months Ago
More News
Up