တရားစွဲခံရသည့်

December 3, 2018

မလုံမခြုံ ပွဲတက်ဝတ်စုံကြောင့် တရားစွဲခံရသည့် အီဂျစ်ရုပ်ရှင်မင်းသမီး(ရုပ်သံ)

အီဂျစ်နိုင်ငံက နာမည်ကျော် ရုပ်ရှင်မင်းသမီးတယောက်ဟာ ကိုင်ရို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို မလုံမခြုံဝတ်ဆင် ပွဲတက်မှုကြောင့် တရားစွဲခံရပြီး ပရိသတ်ကို ပြန်တောင်းပန်ခဲ့ရပါတယ်။ အဲဒီအတွက် မကောင်းမှုကို အားပေးမှုနဲ့ လာမယ့်လမှာ တရားရင်ဆိုင်ရတော့မယ်လို့ အီဂျစ် အစိုးရပိုင် အွန်လိုင်းသတင်းစာ အယ်လ်အာဟမ်ဂိတ်က ဒီဇင်ဘာ ၁ ရက်မှာ ဖော်ပြပါတယ်။ မင်းသမီး ရာနီယာယူဆွတ်ဖ်ကတော့ သူ့ဝတ်စုံကြောင့် ဒေါသထွက်ရတဲ့ မိသားစုတွေကို တောင်းပန်ကြောင်း သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။ ပထမဆုံးအကြိမ် ဒါမျိုးဝတ်မိတာဖြစ်ပြီး ဒီလောက် ဒေါသထွက်စေမယ်လို့ မမျှော်လင့်ခဲ့မိကြောင်းလည်း သူက ပြောပါတယ်။ “ဖက်ရှင်ဒီဇိုင်နာနဲ့ ပညာရှင်တွေရဲ့ ထင်မြင်ချက်တွေအပေါ် မူတည်ပြီး ဘာကိုဝတ်ရမယ် ဆိုတာ ဆုံးဖြတ်လေ့ရှိပါတယ်။ သူတို့ကတော့ ကျမတို့ဟာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တက်နေတာပဲလို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ နောက်တကြိမ် ဒါမျိုးဝတ်စုံကို မဝတ်တော့ပါဘူး။ အီဂျစ် လူ့အဖွဲ့အစည်းထဲမှာ ပျိုးထောင်လာတဲ့ စည်းမျဉ်းနဲ့ တန်ဖိုးတွေကို လိုက်နာကျင့်သုံးပါတယ်” လို့လည်း သူက တွစ်တာပေါ်ကနေ ကတိပြုပါတယ်။ အသက် ၄၄ နှစ်အရွယ် ရုပ်ရှင်မင်းသမီးဟာ ပွဲတော်ပိတ်ပွဲနေ့ နိုဝင်ဘာ ၂၉ ရက်က ဝတ်ခဲ့တဲ့ ဝတ်စုံကြောင့် ပွဲဆူခဲ့တာပါ။ လူမှုကွန်ရက်ပေါ်မှာတော့ တချို့က သူ့ကို နာမည်စုံ ကင်ပွန်းတပ်ခဲ့ပြီး တချို့ကတော့ သူဝတ်ချင်တာ ဝတ်ပိုင်ခွင့်ရှိတယ်လို့ ပြောဆိုရင်း သူ့ဘက်က ရပ်တည် ကာကွယ်ပေးခဲ့ကြပါတယ်။
2 years Ago
Up