တရားစွဲခံထားရသည့် ကရင်နီ လူငယ်​ ၃ ဦးအမှု ပြန်​ရုပ်သိမ်း

January 23, 2018

တရားစွဲခံထားရသည့် ကရင်နီ လူငယ်​ ၃ ဦးအမှု ပြန်​ရုပ်သိမ်း

  ကယားပြည်နယ်က တိုင်းရင်းသားလူငယ် ၃ ဦးကို  ငြိမ်းစုစီ ပုဒ်​မ၁၉နဲ့  တရားစွဲဆိုထားတဲ့အမှု လွိုင်​​ကော်​မြို့နယ်​ တရားသူကြီးက ဒီ​နေ့ ဒုတိယအကြိမ် ရုံးထုတ်မှာ အမှုကို ပြန်​လည်​ ရုတ်​သိမ်း​ပေးလိုက်ပါတယ်​။ တရားစွဲဆိုခံထားရတဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းမျိုးဆက်​သစ်​လူငယ်​ ဗဟို​ကော်​မတီဝင်​ ခွန်းအသန်းနဲ့ ကရင်​နီပြည်​​တောင်​သူ လယ်​သမား သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်​တို့ ၃ ဦးရဲ့အမှုနဲ့ပတ်သက်ပြီး ကရင်​နီ အမျိုးသားတိုးတက်​​ရေးပါတီ (​ကေအန်​ပီပီ)က ကြားဝင်​​စေ့စပ်​ညှိနှိုင်း​ပေးခဲ့ တာ​ကြောင့် ခုလို အမှုပြန်ရုပ်သိမ်းပေးလိုက်တာပါ။ လူငယ်​ ၃ ဦးရဲ့ ဒီ​နေ့ တရားရုံးချိန်းကို မြန်​မာနိုင်ငံ​တဝန်းမှာရှိတဲ့ အရပ်​ဘက်​အဖွဲ့အစည်း ၂၀ က ကိုယ်​စားလှယ်​ ၆၅ ဦး​​လောက်​က လာ​ရောက်​ဝန်းရံခဲ့ကြပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဇန်​နဝါရီ၁၂ ရက်​​နေ့က ​ထောင်​ဒဏ်​ ရက်​ ၂၀ ချမှတ်​ခံထားရတဲ့ လူငယ်​ ၅ ဦးလည်း ​ထောင်​ရက်​​စေ့လို့ ဇန်​နဝါရီ ၂၃ ရက်​မှာ ပြန်​လည်​လွတ်​​မြောက်​လာမယ်​လို့ သိရပါတယ်​။ ပြီးခဲ့တဲ့ဒီဇင်​ဘာလ ၂၀ ရက်​က ကေအန်​ပီပီရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးကို ​ဒေသကွပ်​ကဲမှု စစ်​ဌာနချုပ်​ (ဒကစ) လွိုင်​​ကော်​ လက်​​အောက်​ခံတပ်​က ပစ်သတ်ခဲ့တာ​ကြောင့်​ ဒီကိစ္စအ​ပေါ် အမှန်​တရား​ပေါ်​ပေါက်​ဖို့ ဆန္ဒထုတ်​​ဖော်​​တောင်းဆိုခဲ့တဲ့ လူငယ်​ ၅ ဦးနဲ့ ဝန်းရံသူ လူငယ်​ ၃ ဦးတို့ ငြိမ်းစုစီ ဥပဒေနဲ့ ဖမ်းဆီးအ​ရေးယူခံခဲ့ရတာဖြစ်​ပါတယ်​။ ခွန်းတူးတူး​လေး
3 years Ago
Up