တရားစီရင်ရေး

June 8, 2019

တရားစီရင်ရေးအာဏာစက် ကမ္ဘာအနှံ့ ပျံ့နှံ့အောင် အမေရိကန်လုပ်နေဟု ပူတင် ပြော

အမေရိကန်ဟာ သူရဲ့ တရားစီရင်ရေးအာဏာစက် ကမ္ဘာအနှံ့ပျံနှံ့အောင် ကြိုးပမ်းနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၇ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်ဟာ သူရဲ့ စီးပွားရေးသာလွန်မှုကို ထိန်းသိမ်းဖို့ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ကမ္ဘာ့တည်ငြိမ်မှုကို ထိခိုက်စေတဲ့ ဖိအားပေး ဒဏ်ခတ်တာတွေ လုပ်နေတယ်လို့  သမ္မတ ပူတင်က အမေရိကန်ကို ဝေဖန်လိုက်ပါတယ်။ စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပူတင်က အမေရိကန်ဟာ ဒေါ်လာကို ဖိအားပေးတဲ့ ကိရိယာအဖြစ် ပြောင်းလိုက်တဲ့အတွက် အမေရိကန်ဒေါ်လာ အပေါ် ယုံကြည်မှု လျော့နည်းစေပြီး အမေရိကန် အကျိုးစီးပွားကို ပျက်စီးစေတယ်လို့ ပြောခဲ့ပါတယ်။ တရုတ်ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန် လုပ်ဆောင်ပုံက  ဟွာဝေးကို ကမ္ဘာ့ဈေးကွက်ကနေ ပေါ်ပေါ်ထင်ထင်ဆွဲထုတ်ပစ်တာလို့ သမ္မတပူတင်ကဆိုပါတယ်။ အဲဒီအတွက် ဒီဂျစ်တယ်ခေတ်ကြီးမှာ ပထမဆုံးနည်းပညာ စစ်ပွဲကို ဖြစ်စေတယ်လို့လည်း ဖိုရမ်မှာ ပူတင်က ပြောခဲ့ပါတယ်။
2 years Ago

May 24, 2019

တရားစီရင်ရေး မျက်နှာကြီးငယ်၊ ရာထူးဂုဏ်အရှိန်အဝါအပေါ် ဘက်မလိုက်ရန် သမ္မတပြော

တရားစီရင်ရေးမှာ မျက်နှာကြီးငယ်၊ ရာထူးဂုဏ်အရှိန်အဝါအပေါ်  ဘက်မလိုက်ဘဲနဲ့ တရားဥပဒေစိုးမိုးမှုရှိလာအောင် လုပ်ဆောင်ရမယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ မေလ ၂၄ ရက်က နေပြည်တော်ကောင်စီမှာ ပြုလုပ်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံဝန်ထမ်းတွေကို တွေ့ဆုံရှင်းပြတဲ့ အခမ်းအနားမှာ နိုင်ငံတော် သမ္မတက ပြောကြားလိုက်တာပါ။ အခုလို တွေ့ဆုံပွဲလုပ်ရတာဟာဆိုရင်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ပိုမိုတိုးမြင့်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပြီး အချိန်အခါပေါ်မူတည်ပြီးတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံတိုက်တွန်း နှိုးဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာအကြီးအကဲတွေအနေနဲ့ နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေ ငွေစာရင်းကနေ ပေးတဲ့ ချီးမြှင့်ငွေတွေ၊ အသုံးစရိတ်တွေ၊ လစာ အဆောင်အယောင်တွေအပေါ်မှာ သာယာမနေဘဲနဲ့  တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ အခုတွ့ဆုံပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက အကြီးအကဲတွေ တက်ရောက်ခဲ့ ကြပါတယ်။
2 years Ago
More News
Up