တရားခံ မောင်းပြေးသည့် ကားရှေ့ဖုံးပေါ် ချိတ်တွယ်ပါသွားသည့် ရဲအရာရှိ (ရုပ်သံ)

A d v e r t i s e m e n t With Us

August 14, 2016

တရားခံ မောင်းပြေးသည့် ကားရှေ့ဖုံးပေါ် ချိတ်တွယ်ပါသွားသည့် ရဲအရာရှိ (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဂျီလင်းခရိုင်၊ လီယွမ်မြို့မှာ ရဲအရာရှိတဦးဟာ ယာဉ်မောင်းတဦးကို ရပ်တန့်စစ်ဆေးဖို့ ကြိုးစားချိန်မှာ အဆိုပါကားက မောင်းပြေးသွား တဲ့အတွက် ကားရှေ့ဖုံးမှန်လေကာမှန်ပေါ်မှာ ချိတ်တွဲလျက်သားပါသွားခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ရုပ်သံဗွီဒီယိုဖိုင်ကို စီစီတီဗွီ သတင်းမှာ ဖော်ပြခဲ့တာဖြစ်ပြီး ကားပေါ်မှာ တွဲလျက်သားအခြေအနေနဲ့ ၁ ကီလိုမီတာ လောက်အကွာအဝေးထိ ပါသွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီယာဉ်ထိန်းရဲအရာရှိဟာ ကားပေါ်မှာ မူးယစ်ဆေးသံသယနဲ့ စစ်ဆေးရှာဖွေဖို့ စစ်ဆေးရေးဂိတ်တခုအနီးမှာ ရပ်တန့်ခိုင်းခဲ့တာပါ။ ဒါပေမယ့် စစ်ဆေးမှုတွေမပြီးခင်မှာပဲ ယာဉ်မောင်းဖြစ်သူက အတင်းမောင်းနှင် ထွက်ပြေးသွားခဲ့လို့ ရဲအရာရှိက တားမြစ်ဖို့ကြိုးစားရင်း ကားရှေ့လေကာမှန်ပေါ် ချိတ်တွဲလျက်သားပါသွားခဲ့တာပါ။ တနေရာမှာတော့ ကားဟာ ရပ်လိုက်ပြီး အဆိုပါယာဉ်မောင်းဟာ ကားပေါ်က ဆင်းပြေးသွားခဲ့တာကို တွေ့ရပါတယ်။ ရဲဟာ ကားအတွင်းမှာ ဆက်လက်ရှာဖွေချိန်မှာတော့ ကားတွင်းမှာ မူးယစ်ဆေး ၀ါးတွေကို တွေ့ရှိခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ ကံကောင်းထောက်မစွာပဲ တရားခံက မူးယစ်ဆေးဝါးတွေကို တရားမ၀င် သယ်ဆောင်လာခဲ့တယ်လို့ ၀န်ခံထွက်ဆိုခဲ့တဲ့အတွက် ဆက်လက်စုံစမ်းစစ် ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up