တရားခံအမျိုးသမီး လက်ထိတ်ဖြုတ်ပြီး ရဲကားကို ဘယ်လိုခိုးယူထွက်ပြေးခဲ့သလဲ

September 8, 2017

တရားခံအမျိုးသမီး လက်ထိတ်ဖြုတ်ပြီး ရဲကားကို ဘယ်လိုခိုးယူထွက်ပြေးခဲ့သလဲ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ  လက်ထိတ်ခတ်ခံထားရတဲ့ တရားခံအမျိုးသမီးတဦးဟာ ရဲကားခိုးယူပြီး ထွက်ပြေးခဲ့ပုံကို စီစီတီဗွီ ကင်မရာကနေ ဖမ်းယူရရှိတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။ တက္ကဆက်ပြည်နယ် ပိုးလော့မြို့က တော့ကာစပွန်စလာအမည်ရှိ တရားခံအမျိုးသမီးတဦးဟာ စက်တင်ဘာ ၂ ရက်နေ့က လက်ထိပ်ခတ်ထားတဲ့ကြားထဲက ရဲကားကိုခိုးယူကာ တနာရီ မိုင် ၁၀၀ နှုန်းနဲ့ မောင်းပြေးခဲ့ပြီး ရဲတွေကလည်း နောက်ကနေ မနားတမ်း လိုက်ဖမ်းကြတာပါ။ တော့ကာစပွန်စလာဟာ လက်ဖ်ကင်မြို့ကနေ ဇဗဲလာမြို့ကို ရောက်ရှိခဲ့ချိန်မှာတော့ ရဲတွေက အထူးကိရိယာသုံးပြီး ကားကို မောင်းမရအောင် ထိန်းချုပ်ခဲ့တဲ့အတွက် ကားဟာ လမ်းဘေးကို ထိုးဆင်းခဲ့ပြီး ရပ်တန့်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရဲတွေဟာ ကားမှန်ကိုခွဲပြီး ကားထဲက တော့ကာစပွန်စလာကို ဆွဲထုတ်ခဲ့ကာ သူမကို မြေမှာမှောက်ခိုင်းပြီး လက်ထိတ်ပြန်ခတ်ခဲ့ပါတယ်။ အဲဒီလို ရဲကားခိုးယူပြီး ထွက်ပြေးခဲ့တဲ့ စပွန်စလာဟာ အန္တရာယ်ရှိလက်နက်နဲ့ ခြိမ်းခြောက်မှု၊ လက်ရောက်မှု၊ အခွင့်မရှိဘဲ ယာဉ်မောင်းနှင်မှု၊ တားမြစ်ပစ္စည်း ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးမှုကိုခုခံမှု အပါအဝင် စွဲချက်ပေါင်းများစွာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up