တရာသီ

May 18, 2020

တိုက်စစ်မှူးအမ်ဘာပေ ပီအက်စ်ဂျီအသင်းတွင် တရာသီ ဆက်ရှိမည်ဟု ခန့်မှန်း

တိုက်စစ်မှူး အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ နောက်ထပ် တရာသီအထိ ဆက်ရှိနေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။  စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့် ၂၀၂၁ နွေရာသီမှာ တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။  ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဘောလုံးအသင်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် သက်ရောက်မှုရှိတဲ့အတွက် အမ်ဘာပေအနေနဲ့ ဒီနှစ်နွေရာသီထဲမှာ အသင်းကနေ ထွက်ခွာမှာ မဟုတ်သေးဘူးလို့လည်း ဘောလုံးကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။  ပြင်သစ် တိုက်စစ်မှူးနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။  ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပွဲစဉ်တွေ ရပ်နားအပြီးမှာ ဆက်မကစားတော့ဘဲ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းကို ဒီနှစ်ရာသီ ချန်ပီယံအဖြစ် သတ်မှတ်ပေးထားပါတယ်။
11 months Ago
Up