တယ်လီနော်

September 7, 2021

ပြင်ဦးလွင်တွင် တယ်လီနော နှင့် အော်ရီဒူးဖုန်းတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် စစ်တက္ကသိုလ်အနီး ဆင်လမ်းကျေးရွာရှိ တယ်လီနော နဲ့ အော်ရီဒူးဖုန်းတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ ပြင်ဦးလွင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆင်လမ်းကျေးရွာအနောက်ဘက်ရှိ တယ်လီနောနဲ့ အော်ရီဒူးဖုန်းတာဝါတိုင် နှစ်ခုကို စက်တင်ဘာ ၆ ရက် မနက် ၂ နာရီလောက် ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့ခံတစ်ဦးက “မနက် ၂ နာရီလောက်က ပေါက်ကွဲသံကြားရတယ်။ မနက်ကျ ဆင်လမ်းကျေးရွာမှာ တယ်လီနောတိုင် နဲ့ အော်ရီဒူးတိုင် ဖျက်ဆီးခံရတယ်လို့ သတင်းတွေ တက်လာတော့မှာ သိရတာ” လို့ ပြောပါတယ်။

ဖောက်ခွဲဖျက်ဆီးခံရတဲ့ တယ်လီနောနဲ့ အော်ရီဒူးအထိုင်စက်တွေ ပျက်စီးသွားခဲ့ပြီး တာဝါတိုင်အနည်းငယ် တိမ်းစောင်းသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုင်တဲ ဖုန်းတာဝါတိုင်တွေကို ဖျက်ဆီးတာမဟုတ်ဘဲ တယ်လီနော နဲ့ အော်ရီဒူး တာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးတဲ့အပေါ်  ပြင်ဦးလွင်ဒေသခံတွေက ဝေဖန်ပြောဆိုနေကြတယ်လို့ သိရပါတယ်။

3 months Ago
Up