တယ်လီစကုပ်ကြီးပြိုကျ

December 6, 2020

ဂျိမ်းစ်ဘွန်းရုပ်ရှင်တွင်ပါဝင်ခဲ့သည့် ပွာတိုရီကိုနိုင်ငံက တယ်လီစကုပ်ကြီးပြိုကျ (ရုပ်သံ)

ကမ္ဘာ့အကြီးဆုံးတွေထဲကတခုဖြစ်တဲ့ ပွါတိုရီကို အာကာသကြည့်မျှော်စင်က ကြီးမား တဲ့ရေဒီယိုတယ်   လီစကုပ်ကြီးတစ်ခုဟာ ဒီဇင်ဘာ ၁ ရက်မှာ ပြိုကျခဲ့ပါတယ်။  ပြိုကျခဲ့တဲ့ တယ်လီစကုပ်ဟာ ၅၇ နှစ်သက်တမ်းရှိပြီဖြစ်ပြီး သြဂုတ်လကတည်းက သိသာတဲ့ ပျက်စီးမှုတစ်ချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။  ယိုယွင်းမှုတွေရှိနေတဲ့ တယ် လီစကုပ်ဟာ ဒီဇင်ဘာ ၁ ရက်နေ့မနက်ပိုင်းမှာ ပြိုကျခဲ့တာလို့ အမေရိကန်အမျိုးသားသိပ္ပံဖောင်ဒေးရှင်းက ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ သိရပါတယ်။  ဒီတယ်လီစုပ်ဟာ အာကာသက ရေဒီယိုလှိုင်းတွေကိုဖမ်းပေးပြီး ကမ္ဘာ့အပြင်ဘက်က အရာတွေရှာဖွေဖို့၊ ဝေးကွာတဲ့ဂြိုဟ်တွေကို လေ့လာဖို့နဲ့ အန္တရာယ်ရှိလာနိုင်တဲ့ ဂြိုဟ်မွှားတွေကို ရှာဖွေဖို့အတွက် ကမ္ဘာတစ်ဝန်းလုံးက သိပ္ပံပညာရှင်တွေ အသုံးပြုခဲ့တာဖြစ်ပါတယ်။  ၁၉၉၉ ခုနှစ် GoldenEye ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားကို ဒီတယ်လီစကုပ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။  တယ်လီစကုပ်မှာရှိတဲ့ reflector ကို ထောက်ပံ့ပေးတဲ့ ကေဘယ်လ်ကြိုးနှစ်ချောင်းဟာ သြဂုတ်လကတည်းက ပျက်စီးခဲ့တာဖြစ်ပါတယ်။ ဒီပျက်စီးမှုကြောင့် တယ်လီစကုပ်မှာလည်း ထိခိုက်မှုတွေရှိခဲ့ပြီး ပြုပြင်မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ပြုပြင်နေစဉ်အတွင်း တာဝန်ရှိသူတွေဟာ ဒီမျှော်စင်ကို ပိတ်ထားတယ်လို့ သိရပါတယ်။
4 months Ago
Up