တယ်လီကွန်းကုမ္ပဏီ

A d v e r t i s e m e n t With Us

June 28, 2018

တရုတ်တယ်လီကွန်း ကုမ္ပဏီကြီးများ 5G ကွန်ရက် နည်းဗျူဟာ ချပြ

တရုတ်တယ်လီကွန်း ကုမ္ပဏီကြီးတွေဖြစ်တဲ့ China Mobile၊ China Unicom နဲ့ China Telecom တို့ဟာ 5G နည်းပညာကွန်ရက် တိုးတက်ရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ဗျူဟာတွေကို ရှန်ဟိုင်းမှာ ကျင်းပတဲ့ မိုဘိုင်းကမ္ဘာ့ညီလာခံမှာ ဇွန် ၂၇ ရက်က ချပြခဲ့ပါတယ်။ တယ်လီကွန်းကုမ္ပဏီကြီးတွေဟာ 5G နည်းပညာကို စီးပွားရေးလုပ်ငန်းမှာ အသုံးပြုနိုင်ရေး နောက်ဆုံးအဆင့် စမ်းသပ်နေကြပါတယ်။ လက်ရှိမှာ ဒီကုမ္ပဏီတွေဟာ 5G လုပ်ဆောင်နိုင်စွမ်းကို အဆောက်အအုံ အတွင်းအပြင် စမ်းသပ်မှုတွေလုပ်နေပြီး အချက်အလက် ထုတ်လွှတ်နိုင်မှုအနေနဲ့ ၁ စက္ကန့်ကို ၃ ဂစ်ဂါဘိုက်အထိ ရောက်ရှိနိုင်တာကို စမ်းသပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ China Mobile ဟာ ဒီစမ်းသပ်မှုတွေကို ရှန်ဟိုင်း၊ ဟန်ကျူးနဲ့ ဝူဟန်မြို့ကြီးတွေ အပါအဝင် မြို့ကြီး ၅ မြို့မှာ ပြုလုပ်ထားပြီးဖြစ်ပါတယ်။ China Unicom ကတော့ 5G နည်းပညာကို ၂ဝ၂ဝ ပြည့်နှစ်မှာ စီးပွားဖြစ်သုံးဖို့ စီစဉ်နေပါတယ်။ ဒါ့ပြင် China Unicom ဟာ ၂ဝ၂၂ ဘေကျင်း ဆောင်းရာသီအိုလံပစ်မှာ ပါဝင်ပြီး 5G နည်းပညာနဲ့ အားကစားပွဲတွေရဲ့ဆက်သွယ်ရေးကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
3 years Ago
Up