တမ္ပဝတီရပ်ကွက်

October 3, 2021

မန္တလေးမြို့ပေါ်က စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် ဗုံးပစ်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ချီပါအရှေ့ရပ်ရှိ စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် အောက်တိုဘာလ ၃ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်လောက်က  လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ဖျက်ဆီးခံခဲ့ရ ပါတယ်။

စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်မိသားစုရဲ့ အဓိက စီပွားရေးဒေါက်တိုင်ဖြစ်တဲ့ မိုင်တဲတာဝါတိုင်ကို ဆိုင်ကယ်စီး လူနှစ်ယောက်က လက်လုပ်ဗုံးနဲ့ ပစ်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရပါဘူး။

ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အနီးနားပတ်ဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးနေပါတယ်။

1 year Ago
Up