တမူး သင်္ကြန်ကာလ သိမ်းဆည်းရမိ​သည့် ဆိုင်​ကယ်​အိပ်​​ဇောပိုက်​များ ဖျက်​ဆီး

May 2, 2019

တမူး သင်္ကြန်ကာလ သိမ်းဆည်းရမိ​သည့် ဆိုင်​ကယ်​အိပ်​​ဇောပိုက်​များ ဖျက်​ဆီး (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်း သင်္ကြန်​မတိုင်​နဲ့ သင်္ကြန်​ကာလအတွင်း သိမ်းဆည်းရမိ​တဲ့ ဆူညံအိပ်​​ဇောပိုက်​ အခု ၂၁၀ ကို တမူးခရိုင်​​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးရုံးမှာ ဒီနေ့မနက်ပိုင်းက  လမ်းကြိပ်​စက်​နဲ့ ဖျက်​ဆီးခဲ့ပါတယ်​။ အများပြည်​သူအတွက်​ စိတ်​အ​နှောင့်အယှက်​မဖြစ်​​စေဖို့နဲ့ ဆူညံအိပ်​​ဇောပိုက်​တွေ ထပ်မံ အသုံးမပြုဖို့ ရည်​ရွယ်​ပြီး ဖျက်​ဆီးခဲ့တာလို့ ယဉ်​ထိန်းရဲအုပ်​ မျိုးမင်းခန့်​က ပြောပါတယ်​။ တမူးမြို့အတွင်း ​နေထိုင်​သူပြည်​သူ ဥိးနိုင်မင်းထွန်းက အခုလို ဆူညံအိပ်​​ဇော်​ပိုက်​​တွေဖျက်​ဆီးတာ အလွန်ကောင်းကြောင်းနဲ့ ဖြစ်​နိုင်​ရင်​ ​ရောင်းချတဲ့ဆိုင်​​တွေ၊ တင်​သွင်းတဲ့ ဆိုင်​​တွေကိုလည်း အ​ရေးယူစေချင်​တယ်​လို့ ပြောပါတယ်။ ဂေါင်ဂေါင်
2 years Ago
Up