တမူးမြို့နယ်

May 17, 2019

တမူးမြို့နယ်အတွင်း တွင်းရေများခန်းခြောက်၊ မီးသတ်ကားများဖြင့် ရေပေးဝေနေရ

စစ်ကိုင်းတိုင်း တမူးမြို့အတွင်းမှာ တွင်းရေတွေ ခန်းခြောက်နေတာကြောင့်  ရေရှားပါးမှုဒဏ်ခံနေရပြီး မီးသတ်ကားတွေနဲ့ ရေပေးဝေနေရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ''တမူးမြို့မှာ အိမ်​တိုင်း ​ရေတွင်းတ​တွင်းဆီရှိကြတယ်​။ အရင်​နှစ်​​တွေ ​ရေခန်းရင်​ ပြန်​ဆယ်​လိုက်​တာနဲ့​ရေပြန်​ရတယ်။ ဒီနှစ်​​တော့ ​တော်​​တော်​​လေ အ​ခြေအ​နေဆိုးတယ်​။ ပြန်​ဆယ်​လည်း တွင်းကနက်သွားတယ်​၊ ​ရေပြန်​တက်​မလာတာများတယ်။ ​ရေခန်း​ခြောက်​မှုက မြို့တွင်းအပြင်​ ရွာ​တွေမှာပါ ခန်း​ခြောက်​မှုရှိလာတာပါ​။ ရေဒီပြဿနာကို ​ဖြေရှင်းဖို့ မီးသတ်​ကား​တွေနဲ့​ ရေ​ပေး​ဝေတာတို့ အလှူရှင်​​တွေရှိရင်​ အဝီစိတွင်း တူး​ပေးတာတို့လုပ်​ပြီး ကူညီမှု​တွေ လုပ်​​နေပါတယ်​” လို့ အမျိုးသားလွှတ်​​တော်​အမတ်​ ဦး​မောင်​​မောင်​လတ်​က ပြောပါတယ်​။ ဒေသခံ ကိုယဉ်ကိုဦးက “ဒီနှစ်​​ရေခန်း​ခြောက်​တာ အရင်​နှစ်​​တွေလိုမဟုတ်​ဘူး၊ ​တော်​​တော်​​လေး အ​ခြေအ​နေဆိုးတယ်​ ​ရေး​ပေး​ဝေ​ရေးက​နေ ​ရေကို ယူနစ်​နဲ့ဝယ်​သုံးရတယ်​။”  လို့ ပြောပါတယ်။ တမူးမြို့နယ်မှာ ရေရှားပါးတဲ့ဒဏ်ကို နှစ်စဉ်လိုလို ကြုံနေကြရတာကြောင့် သစ်​​တောမပြုန်းတီး​အောင်နဲ့ သစ်​ပင်​​တွေ လွယ်​လွယ်​မခုတ်အောင် အစိုးရ​နဲ့ပြည်သူ ပူးပေါင်းပြီး ရေရှည်​စီမံ​ကိန်းအ​နေနဲ့ အ​ကောင်​အထည်​​ဖော်​သွားဖို့လိုတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တမူးမြို့နယ်အတွင်း​ ရေရှားပါး ပြတ်လပ်နေတဲ့ နေအိမ်တွေကို​ မီးသတ်​ တပ်ဖွဲ့နဲ့ ပရဟိတ အသင်းတွေ ပူး​ပေါင်းပြီး​ ရေသွားရောက် လှူဒါန်းေ​ပး​နေတယ်​လို့ ​ရေလှူဒါန်းအဖွဲ့ဝင်​ ကိုဆုသန်း​က ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဂေါင်ဂေါင်
2 years Ago
Up