တမူးမြို့တွင် ပစ်ခတ်မှုဖြစ်၊ ၁ ဦးသေဆုံး

January 4, 2017

တမူးမြို့တွင် ပစ်ခတ်မှုဖြစ်ပွား၊ ကလေးငယ် ၁ ဦး ဒဏ်ရာရ

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ ဇန်န၀ါရီ ၃ ရက်နေ့ ညနေ ၄ နာရီလောက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ ကလေးငယ် ၁ ဦးအပါအဝင် လူ ၂ ဦးဒဏ်ရာရသွားတယ်လို့ တမူးရဲစခန်းက ပြောပါတယ်။ တမူးစခန်းမှူး ဒုရဲမှူးဇော်ထွန်းက “ကလေးက ညာဘက်လက် ပေါက်သွားတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ လူကြီးကတော့ ကျောကို ထိမှန်ပြီး အရေးပေါ်ခွဲစိတ်ကုသခံနေတယ်။ ပစ်သွားတာကတော့ အမည်မသိ လူသုံးဦးပါ” လို့ ပြောပါတယ်။ သားအဖနှစ်ယောက် ဆိုင်ကယ်စီးလာစဉ် လူသုံးယောက်က နောက်ကနေ လိုက်လာပြီး သုံးယောက်ထဲက တစ်ယောက်က ပစ်ခတ်သွားတာ ဖြစ်ပြီး ပစ်ခတ်သူကို မမိလိုက်ဘူးလို့လည်း သိရပါတယ်။ “ဖြစ်တာက တမူးမြို့ အောက်ကျင်းစန္ဒကူးချောက်ဘက်မှာ ဖြစ်တာ ဆိုင်ကယ်နဲ့ လိုက်ပစ်တာ။ ပစ်ခံရတာက သားအဖ နှစ်ယောက်ပါ" လို့ တမူးဒေသခံ ဦးမြင့်ဇော်က ပြောပါတယ်။ အပစ်ခံရသူမှာ ဦးပီတာဆိုသူ ဖြစ်ပြီး သမီးလေးမှာ ၄ နှစ်အရွယ်ခန့် ကလေးငယ်ဖြစ်ကာ တမူးမြို့ မြို့မ (၁၁) ရပ်ကွက်မှာ အိမ်ငှားနေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။ သေနတ်နဲ့ ပစ်ခတ်သွားသူတွေကို ရဲနဲ့ တပ်မတော် ပူးပေါင်းစုံစမ်းရှာဖွေနေပြီး ပစ်ခံရသူ ဘက်ကလည်း ရာဇသတ်ကြီးပုဒ်မ ၃၀၇ နဲ့ အမှုဖွင့်ထားတယ်လို့ တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင့်ဝေက ပြောပါတယ်။ သတင်း - မင်းရဲစစ်နိုင်
6 years Ago

January 6, 2016

တမူးမြို့တွင် ပစ်ခတ်မှုဖြစ်၊ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ဒီကနေ့မနက် ၁၁ နာရီခွဲလောက်က ပစ်ခတ်မှု တခုဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးသွားပါတယ်။ တမူးမြို့အထွက် ရွှေမြို့တော် ဆီဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုမောင်မောင် ဆိုတဲ့ ကသည်းလူမျိုးတဦး သေဆုံးသွားခဲ့တာလို့ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောပါတယ်။ “အရင်တုန်းက ဗမာပြည်ထဲကို လာနေတဲ့ ကသည်းလူမျိုးပေါ့ဗျာ။ ကိုမောင်မောင်ကို ပစ်ပြီး ပြေးသွားတဲ့ သဘောပဲ။ သူက ကသည်းလူမျိုးပေါ့နော်။ သူရဲ့ မှတ်ပုံတင်နာမည်က ကိုမောင်မောင်လို့ ခေါ်တာပေါ့နော်။ သူ့ကို ဘယ်သူက ပစ်သွားတယ်ဆိုတာ အခုတော့ စုံစမ်းတုန်းပေါ့ဗျာ။” တမူးမြို့ အပါအ၀င် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ ကသည်းလူမျိုးတွေ လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒီကနေ့ သေဆုံးသွားသူရဲ့အလောင်းကို စစ်တပ်က လာရောက်သိမ်းသွားတယ်လို့လည်း ဦးမြင့်ဇော်က ပြောပါတယ်။  
7 years Ago
Up