တမူးတွင်

February 24, 2018

တမူးတွင် တရားမ၀င် ခရီးသည်တင်ယာဉ်များကြောင့် တရားဝင်ယာဉ်လိုင်းများ အခက်ကြုံ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ တရားမ၀င် ခရီးသည်တင်ယာဉ်တွေ ၀င်ရောက်ပြေးဆွဲနေတာကြောင့် တရားဝင်ယာဉ်လိုင်းတွေ အခက်အခဲဖြစ်နေကြပါတယ်။ အဲဒီကိစ္စကို တမူးခရိုင် စီမံခန့်ခွဲမှု ကော်မတီနဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို တိုင်ကြားထားပေမယ့်လည်း တရားမ၀င်ကြားကားတွေ ရှိနေဆဲဖြစ်ပါတယ်။ အခုလ ၁ ရက်နေ့ကတော့ သက်ဆိုင်ရာကညွှန်ကြားစာထုတ်ပြီး တရားမ၀င်ကြားကားတွေ ထည့်သွင်းပြေးဆွဲတဲ့ ယာဉ်လိုင်းတွေကို ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့တယ်လို.သိရပါတယ်။ ခရီးသည်တင် ကားငယ်လေးတွေကိုတော့ စော်ဘွားရေရှင်၊ ကျွန်းတောရေရှင် ရွာတွေအထိ လိုက်ပြီး စည်းကမ်းကြပ်မတ်ပေးနေပါတယ်။ အဲဒါကြောင့် တရားဝင် လိုင်စင်ရယာဉ်လိုင်းတွေကိုလည်း မြို့အ၀င်အထွက် ၄ မိုင်ဂိတ်မှာ ယာဉ်အားလုံးသတင်းပို.ချိန်မှာ စနစ်တကျ စိစစ်ပေးစေချင်တယ်လို.သိရပါတယ်။ ဒါ့အပြင် တရားမဝင်ပြေးဆွဲတဲ့ကားတွေ များလာတာကြောင့် လိုင်းဝင်ထားတဲ့ ကားများအမျိုးမျိုး အခက်ခဲကြုံနေရပြီး ခရီးသည်လည်း နည်းသွားတယ်လို့ ရွှေရင်ခွင်ဦး ကားအသင်းက ဦးရဲလွင်က ပြောပါတယ်။ အခုလို အခက်အခဲတွေကို တင်ပြပေမယ့် အရေးယူဆောင်ရွက်မှု မရှိရင် တိုင်းဒေသကြီးအဆင့်အထိ ဆက်လက်တင်ပြသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ တမူးမြို့မှာ တမူး - မန္တ​လေး ပြေးဆွဲနေတဲ့ တရားဝင်ကားအသင်း ၁၁ လိုင်းရှိပါတယ်။
3 years Ago
Up