တမီးလ်နာဒူးပြည်နယ်

November 26, 2020

ဆိုင်ကလုန်းနီဗာကြောင့် တမီးလ်နာဒူးပြည်နယ်တွင် ရေကြီး

အင်အားပြင်း ဆိုင်ကလုန်းနီဗာဟာ နိုဝင်ဘာ ၂၆ ရက် အစောပိုင်းက အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ကို ဝင်ရောက်ခဲ့ပြီး ချနိုင်း၊ မမ်မယ်လာပူရမ်နဲ့ ပူဒီဂျရီ မြို့တွေက လမ်းတွေမှာ ရေကြီးနေပါတယ်။  နိုဝင်ဘာ ၂၅ ရက်က  ပြည်နယ်မြို့တော် ချနိုင်းအနီးဝန်းကျင် ဒေသတွေဟာ  မိုးကြီး လေပြင်း တိုက်တာကို ကြုံခဲ့ရပါတယ်။  ပြင်းအား အဆင့် ၁ ရှိတဲ့  နီဗာမုန်တိုင်းကြောင့် နေအိမ်တွေ ပျက်စီး ၊ ဓာတ်အားလိုင်းတွေနဲ့ သစ်ပင်တွေ မြေကြီးက ကျွတ်ထွက်ပြီး အရှေ့တောင်ပိုင်း ကမ်းရိုးတန်း တလျှောက်သီးနှံတွေ ပျက်စီးမယ်လို့ အိန္ဒိယမိုးလေဝသဌာန (IMD)က ခန့်မှန်း ပါတယ်။  ဒါကြောင့် တမီးလ်နာဒူးပြည်နယ် မြေနိမ့်ဒေသက  ပြည်သူ သောင်းချီကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။  ဒေသခံပြည်သူ ၁၄၅,၀၀၀ ကျော်ကို ပြည်နယ်အတွင်းရှိ  ကယ်ဆယ်ရေးစခန်း ၁,၅၀၀ ကျော်ဆီ ကြိုတင်ပြောင်းရွှေ့ခဲ့တယ်လို့ တမီးလ်နာဒူးဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးက ရိုက်တာကို ပြောပါတယ်။
5 months Ago
Up