တမိနစ်အတွင်း စွမ်းရည်အမျိုး ၂၀ ပြသနိုင်သည့် အံ့ဖွယ်ကြောင်မလေး

A d v e r t i s e m e n t With Us

September 12, 2016

တမိနစ်အတွင်း စွမ်းရည်အမျိုး ၂၀ ပြသနိုင်သည့် အံ့ဖွယ်ကြောင်မလေး (ရုပ်သံ)

သြစတြေးလျနိုင်ငံမှ ကြောင်မလေး ဒစ်ဂျာဟာ အချိန်တမိနစ်အတွင်းမှာ အံ့သြလောက်ဖွယ် စွမ်းရည်ပြသမှုတွေကြောင့် ၂၀၁၇ ခုနှစ်အတွက် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်း စံချိန်တင်နိုင်ခဲ့ပါတယ်။ သူဟာ အချိန်တမိနစ်အတွင်းမှာ စွမ်းရည်ပြကွက်အမျိုး ၂၀ ကို လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ဒစ်ဂျာဟာ နယူးဆောက်ဝေးပြည်နယ်မှာ နေထိုင်ပြီး ရောဘတ်ဒေါလ်ဝက်တ်က သူ့ကို မွေးစားခဲ့ကာ စွမ်းရည်လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းရည်ပြကွက်တွေထဲမှာ လက်ကိုမြှောက်ပြပြီး နှုတ်ဆက်တာ၊ ဘယ်ညာ ဝှေ့ယမ်းပြတာ၊ ကြမ်းပြင်ပေါ် ဘယ်ညာလှဲပြတာ၊ တပတ်လှိမ့်ပြတာ၊ သခင်ဖြစ်သူရဲ့ ဒူးပေါ်မှတဆင့် စကိတ်ဘုတ်ဆီ ခုန်တက်ပြတာတွေနဲ့ စကိတ်ဘုတ်စီးနင်းနေချိန်မှာ ဘားတန်းကို ခုန်ကျော်စွမ်းရည်ပြသမှု စတာတွေ ပါဝင်ပါတယ်။ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန်အဖွဲ့ကတော့ ကြောင်မလေး ဒစ်ဂျာနဲ့ သူ့ရဲ့သခင်ဖြစ်သူကြားက ဆက်နွယ်မှုဟာ ထူးခြားပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြတာပါ။ အရင်တုန်းကလည်း ပိုင်ရှင်ဖြစ်သူ ရောဘတ်ဒေါလ်ဝက်တ်ဟာ ကြောင်မလေး ဒစ်ဂျာရဲ့ စွမ်းရည်ပြ ရုပ်သံဗွီဒီယိုဖိုင်တွေကို ယူကျု အင်တာနက်စာမျက်နှာမှတဆင့် မျှဝေခဲ့ဖူးပါတယ်။ သူက ကြောင်မလေး ဒစ်ဂျာကို အပြုသဘောဆောင်တဲ့ သင်ကြားရေးစနစ်ကို အသုံးပြုပြီး စကားနဲ့ အမိန့်ပေးစေခိုင်းလေ့ကျင့်မှုတွေနဲ့ သင်ပေးခဲ့တာလို့ ပြောပါတယ်။
4 years Ago
Up