တပ်သိမ်းမြေ

A d v e r t i s e m e n t With Us

November 25, 2020

ရှမ်းပြည်နယ်တွင် တပ်သိမ်းမြေအများစု ဖြေရှင်းရန်ကျန်ရှိနေ

ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီထံ တိုင်ကြားထားတဲ့ မြေယာကိစ္စ ၁၂၇၃ မှုအနက်  ပိတ်သိမ်းပြီးအမှု ၈၉၀ မှုရှိပြီး စိစစ်ရန်ကျန်ရှိတဲ့အမှုပေါင်း  ၄၃၇ မှု ကို ၂၀၂၀ ပြည့်နှစ်အတွင်း ပြီးပြတ်အောင် လုပ်ဖို့ ရှိ‌နေပါတယ်။ ရှမ်းပြည်နယ်မြေစစ်ကော်မတီအနေနဲ့ သီတင်း ၂ ပတ် နဲ့ ၃ ပတ်ခြားတခါ အစည်းအဝေးလုပ်နေပြီး အမှု ၁၅၀ ဝန်းကျင်လောက် ဆုံးဖြတ်ပေးနေတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်း‌ရေးမှူး ဦးနေလင်းက  နိုဝင်ဘာ ၂၂ နေ့ကပြောပါတယ်။ ဒီအအမှုတွေ ဒီနှစ်ကုန်မှာ ပြီးပြတ်နိုင်ခြင်းရှိမရှိကတော့ မြေပြင်ဆင်းပြီး စစ်ဆေးနိုင်တဲ့အခြေအနေပေါ်မှာ မူတည်ပါတယ်လို့လည်း ပြောပါတယ်။ ပိတ်သိမ်းသွားနိုင်ခဲ့တဲ့အမှု အကုန်လုံးနီးပါးဟာလည်း တောင်သူတွေ လျော်ကြေးရလို့ နှစ်ဦး နှစ်ဘက်အဆင်ပြေပြေနဲ့ကျေနပ်ပြီး ပိတ်တာမဟုတ်ဘဲ အထောက်အထားတွေမခိုင်မာလို့ဆိုပြီး အမှုပိတ်သိမ်းလိုက်ပါပြီလို့ မြို့နယ်လယ်စစ်ကော်မတီကနေကြေညာပြီး ပိတ်ခဲ့ကြတာများတယ်လို့ တောင်ကြီးမြို့က မြေယာအရေးကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းက ဦးဝင်းနိုင်စိုးက ပြောပါတယ်။ ရှမ်းပြည်နယ်ထဲမှာ သိမ်းဆည်းခံမြေတွေနဲ့ တပ်သိမ်းမြေအမှုအတော်များများဟာ ဖြေရှင်းမရပဲ ကြန့်ကြာနေတယ်လို့လည်း ဦးဝင်းနိုင်စိုးက ပြောပါတယ်။ “ရှမ်းပြည်နယ်မြေစစ်ကော်မတီက ကွင်းဆင်းစစ်ဆေးဖို့ တပ်ကိုခေါ်ယူတဲ့အခါ အချိန်ပေး ရတာ၊ မြေယာသိမ်းယူစဉ်က လူဟောင်းတွေ မရှိတော့တာကြောင့် လက်ရှိတာဝန်လွှဲပြောင်းယူတာ၊ တပ်က တခြားတပ်ကိုပြန်လွှဲနေရတာ၊ အထက်ကို အဆင့်ဆင့်ဆက်လက်တင်ပြထားပါတယ် ဆိုပြီး အစိုးရကလည်း တပ်ရဲ့သဘောထားမပြောင်းသရွေ့ တပ်ကမစွန့်လွှတ်ပေးသရွေ့ ဘာမှ‌ မထူးလာဘူး ဆိုပြီးအကြောင်းပြကာ တပ်နဲ့ပတ်သက်လာရင် ပြတ်ပြတ်သားသားမလုပ်နိုင်ခဲ့ဘူး။” ၂၀၁၅-၂၀ မှာ လက်ရှိ လယ်ယာမြေအမှုတွေကိုဗဟိုက ညွှန်ကြားထားတဲ့ မူဝါဒ ၅၂ ချက်နဲ့အညီဖြေရှင်းတာ အားနည်း နေတယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။   တောင်သူလယ်သမားသမဂ္ဂ ရှမ်းပြည်တာဝန်ခံ ဦးကျော်အေးက “ နောင်ချိုက တောင်သူတွေဟာ တရားမျှတမှု မရသေးပါဘူး။ နစ်နာတဲ့တောင်သူတွေ အများကြီးသာ အကြိမ်ကြိမ်စစ်ဆေးခံ နေရကာ အမှုများစွာ ရင်ဆိုင်နေရဆဲပါ”လို့  ပြောပါတယ်။ ရှမ်းပြည်နယ်မှာ မူလတောင်သူတွေထံ ပြန်လည်စွန့်လွှတ်တဲ့ မြေယာ  အမှုပေါင်း ၁၆၆ မှုနဲ့ မြေဧရိယာစုစုပေါင်း ၄၂၀၄၅ ဒသမ ၁၃၀ ဧကရှိခဲ့တယ် လို့သိရပါတယ်။ သတင်း - နန်းစပယ်
3 months Ago

July 18, 2020

တပ်သိမ်းမြေ အစားထိုးပြန်ပေးရန် သစ်တောဖျက်ပြီး ယာကွက်ဖော်မှု ဆီဆိုင်ဒေသခံများ ကန့်ကွက်

ဆီဆိုင်မြို့နယ်၊ ပင်စုံနဲ့ ကုန်းဆွတ်ကျေးရွာအုပ်စုစပ်ကြားရှိ ဒေသခံတွေ ထိန်းသိမ်းထားတဲ့ သစ်တောကို တပ်သိမ်းမြေ အစားထိုးပြုလုပ်ဖို့ စီစဉ်တဲ့အပေါ် ဇူလိုင် ၁၈ ရက်က ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီသစ်တောကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဆီဆိုင်မြို့ ခမရ ၄၂၃၊ ၄၂၄ သိမ်းထားတဲ့မြေအစား တောင်သူကို ပြန်ပေးဖို့ ယာကွက်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒေသခံတွေက ဘိုးဘွားလက်ထက်ကတည်းက ထိန်းသိမ်းလာတဲ့ သစ်တောဧက ၂၀၀ ဝန်းကျင်ကို အဖျက်ဆီးမခံနိုင်လို့ ကန့်ကွက်ကြတာလို့ ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလီက  “သူတို့က မြေကွက် ယာကွက်ဖော်ပြီးမှ တပ်သိမ်းထားတဲ့မြေကို တောင်သူကို အစားပြန်ပေးဖို့ လုပ်နေပါတယ်။ ဒီသစ်တောက ဒေသခံတွေ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ သစ်တောဖြစ်တဲ့အတွက် ဒီနေ့ လာကန့်ကွက်တာ၊ ကန့်ကွက်စာတွေလည်း တင်ပြီးပြီ၊ ကျနော်တို့ဆန္ဒက ဒီသစ်တောကို မဖျက်ဆီးစေချင်ဘူး။” မြေကွက် ယာကွက်ပြုလုပ်ဖို့ ဒေသဦးစီးအဖွဲ့က ယာယီတဲနဲ့ ဘက်ဖိုးစက်ပစ္စည်းတွေ လာရောက်ထားရှိထားတယ်လို့ မြေနီရွာနေ ဦးစံပီးက ပြောပါတယ်။ “အခု သူတို့ တဲလာဆောက်ပြီ။ ဘက်ဖိုးနှစ်စီး လာထားပြီ။ အခု ရွာသားတွေက ပေးမလုပ်ဘူး။ ကန့်ကွက်မယ်၊ ဒီသစ်ပင်တွေက ကုန်သွားရင် သဘာဝခန်းခြောက်ပြီး ဒေသခံတွေပဲ ခံရမှာ။” ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသဦးစီးအဖွဲ့ဝင် ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်လှသိန်းကို ကြိုးစားဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်မှုမရခဲ့ပါ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဆီဆိုင်မြို့ ခမရ ၄၃၊ ၄၂၄ တပ်သိမ်းထားတဲ့ မြေဧက ၁၉၀၀ ကို အစားပေးဖို့ ဇူလိုင်လ ၁၆ ရက်နေ့က တောင်သူနဲ့ လာရောက်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပေမယ့် တောင်သူတွေက လက်မခံခဲ့ကြောင်း သိရပါတယ်။ ခွန်ရာဇာ
8 months Ago
Up