အိမ်နီးချင်း ကိုလံဘီယာနိုင်ငံက သံသယဖြစ်ဖွယ် တိုက်ခိုက်လာနိုင်အတွက် ဗင်နီဇွဲလားတပ်မတော်ကို တပ်လှန့်ထားတယ်လို့ သမ္မတ နီကိုးလပ်စ်မာဒူရိုက နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။
သမ္မတ မာဒူရိုက ကိုလံဘီယာသမ္မတ ဒူကေးအပေါ် ဆန့်ကျင်ဆန္ဒပြနေတာကို အာရုံလွှဲတဲ့အနေနဲ့ နှစ်နိုင်ငံနယ်စပ်မှာ ကိုလံဘီယာက လက်နက်ကိုင် ရန်စမယ့် သတင်းတွေကို သူ ကြိုတင်ရထားတယ်လို့ ပြောခဲ့ပါတယ်။
မာဒူရိုက ဗင်နီဇွဲလား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ နိုင်ငံ အချုပ်အခြာအာဏာ ကာကွယ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဗင်နီဇွဲလားတပ်မတော်ကို အသင့်ပြင်ဆင်ထားဖို့ ပြောကြားခဲ့ပါတယ်။
ကိုလံဘီယာဟာ ဗင်နီဇွဲလားကို စစ်တိုက်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး သမ္မတ မာဒူရိုက မကြာခဏ စွပ်စွဲလေ့ရှိပါတယ်။
ကိုလံဘီယာအစိုးရကတော့ သမ္မတ မာဒူရို စွပ်စွဲပြောကြားတာကို ငြင်းဆန်ထားပါတယ်။
3 years Ago