.တပ်မတော်

A d v e r t i s e m e n t With Us

February 1, 2021

တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ ဖြည့်စွက်ဖွဲ့စည်း

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေအတွက် တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖြည့်စွက် ဖွဲ့စည်းလိုက်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကော်မတီမှာ ဥက္ကဋ္ဌအဖြစ်  ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ၊ အတွင်းရေးမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့အဖွဲ့ဝင်တွေအဖြစ်  ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊   ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊  ဒုဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊  ဒုဗိုလ်ချုပ်ကြီး မင်းနောင် နဲ့  ဒုဗိုလ်ချုပ်ကြီး အေးဝင်းတို့ နဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တာပါ။

ကော်မတီအနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လမ်းကြောင်းအတိုင်း အန်စီအေလက်မှတ်ထိုးထာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးတာ၊ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်မှတ်ထိုးနိုင်တဲ့အထိ ဆက်လက်ဆွေးနွေး တာနဲ့ ထာဝရ ငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာတပ်မတော်က အာဏာသိမ်းပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအ၀င် အစိုးရအဖွဲ့၀င်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တချို့ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။ 

1 month Ago

တပ်မတော်အာဏာသိမ်းမှုကို ယူကေအစိုးရ ပြစ်တင်ရှုတ်ချ

မြန်မာတပ်မတော်က အာဏာသိမ်းပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအ၀င် အစိုးရအဖွဲ့၀င်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယူကေအစိုးရက သဘောထား ထုတ်ပြန်ပါတယ်။

တပ်မတော်အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ တရားမ၀င်ဖမ်းဆီးထားတဲ့ လူပုဂ္ဂိုလ်တွေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

လွှတ်တော်ကို ငြိမ်းချမ်းစွာ ပြန်လည်ခေါ်ယူကျင်းပနိုင်ဖို့နဲ့  ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရလဒ်နဲ့  မြန်မာပြည်သူလူထုဆန္ဒတွေကို လေးစားလိုက်နာဖို့ လိုလားတယ်လို့ ယူကေအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

1 month Ago

တပ်မတော်အာဏာသိမ်းအပြီး စစ်တွေမြို့မြင်ကွင်းများ

မြန်မာ့တပ်မတော်က ဒီနေ့မနက် အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့မှာတော့ နေ့လယ်ပိုင်းအထိ ပုံမှန်သွားလာနေကြတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကို ပိတ်ထားပြီး ခြံဝင်းထဲမှာတော့ စစ်ကားတစ်စီးနဲ့ စစ်သားတချို့က လုံခြုံရေးယူထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်ရုံးကို သော့ခတ်ပိတ်ထားပြီး ရခိုင်အမျိုးသားပါတီ (ANP) ရုံးကတော့ ပုံမှန်အတိုင်းဖွင့်လှစ်ထားကာ ပါဝင်တီတချို့ကိုလည်း တွေ့ရပါတယ်။

စစ်တွေမြို့မစျေးကြီးမှာတော့ ပြည်သူတွေက ပုံမှန်အတိုင်း သွားလာဝယ်ယူနေကြပြီး ပြည်နယ်အစိုးရအဖွဲ့ရုံနဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံးခြံဝင်းထဲမှာ စစ်သားတချို့ ရှိနေတာ က လွဲလို့ လုံခြုံရေးတော့ မတိုးမြှင့်ထားပါဘူး။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့ ယာယီထိန်းသိမ်းခံထားရတယ်လို့သိရပြီး တခြားဘယ်သူတွေ ပါနေသလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Photo - KaungMratNaing / MPA

1 month Ago
Up